ဆိပ်ဖြူမြို့နယ်တွင် အရပ်သားအပြစ်မဲ့ပြည်သူများကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ဖမ်းဆီးခေါ်ဆောင်၊၎င်းတို့ပိုင် ပစ္စည်းများကို တစ်ပါတည်းသိမ်းယူ

ဇူလိုင် ၃၀

       ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ပင်းတလဲကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူ PDF အင်အား ၃၀ ဦးခန့်ရောက်ရှိလာပြီး ၎င်းရွာနေ သာမန်ပြည်သူ ဦးမျိုးမြင့်မောင့်ကို ၎င်းအိမ်မှ  Light Truck ကားတစ်စီး၊ ဆိုင်ကယ်တစ်စီး၊ ဖုန်း တစ်လုံးနှင့် အိမ်ရှိပစ္စည်းများအားလုံးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလားတူ ၎င်းရွာနေသူ သာမန်ပြည်သူတစ်ဦးဖြစ်သော ဦးသက်ညွန့်ဦး ကိုလည်း ၎င်းပိုင် Light Truck ကားတစ်စီ၊ 4 wheel လယ်ထွန်စက်တစ်စီး၊ ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးနှင့် အိမ်ရှိပစ္စည်းများအားလုံးနှင့်အတူ ဖမ်းဆီးသွားကြကြောင်း သိရပါသည်။

       ဇူလိုင်လ ၂၈ ရက်နေ့က ဖမ်းဆီးခေါ်ဆောင် သွားသော ဆိပ်ဖြူမြို့နယ်၊ အရှေ့ကံတွင်းကျေး ရွာနေသူ ဦးမြင့်ထွန်းမှာ ထွက်ပြေးလွှတ်မြောက်လာပြီးနောက် ထိုနေ့ညချင်းတွင်းပင် ၎င်း၏မိန်းမနှင့် သမီးအား လူသတ်အကြမ်းဖက် PDF များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ၎င်းတို့ကို ဆိုက်ခမ်းကျေးရွာတွင် ချုပ်နှောင်ထားကြောင်း သတင်းရရှိပါသည်။

        အဆိုပါ ဖြစ်စဥ်များသည် ၎င်းနယ်မြေတွင် တပ်မတော် စစ်ကြောင်းထိုးပြီးတိုင်း လူသတ်အကြမ်း ဖက် PDF များက ပြည်သူများကို ဒလန်ခေါင်းစဥ်တပ်၍ ဖမ်းဆီးသတ်ဖြတ်ကာအကြောက်တရားများ ဝင်စေရန် ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရပါ သည်။

#PAN