ပျဉ်းမနားမြို့နယ်၊ကိုးတစ်ကျေးရွာအုပ်စုအတွင်း မော်တော်ယာဉ်ဖြင့် မျှစ်ဝယ်ယူပြီးပြန်လာသော “နိုင်ဟင်ဒရာ”မျှစ်ထုတ်လုပ်ရေးကုမ္ပဏီမှ မော် တော်ယာဥ်တစ်စီးကို စိစစ်ဆဲ အကြမ်းဖက်အဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ပြီး ယာဥ်ကိုမီးရှို့

ဇူလိုင် ၂၉

       ယနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် နေပြည် တော်၊ ပျဉ်းမနားမြို့နယ်၊ ကိုးတစ်ရွာမနှင့် ဖုန်းဆိုးရွာကြားတွင် နိုင်ဟင်ဒရာမျှစ်ထုတ်လုပ်ရေးကုမ္ပဏီမှ မော်တော်ယာဉ် ၁ စီးအား စိစစ်ဆဲအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ လက်နက် ငယ် များဖြင့်ပစ်ခတ်၍ မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

      “နိုင်ဟင်ဒရာ”မျှစ်ထုတ်လုပ်ရေးကုမ္ပဏီမှ ဦးဝင်းရွှေ(လယ်ဝေးမြို့နေသူ)၊ စပ်ဝင်းသိန်း (ဧရာဝတီတိုင်းဒေသကြီးနေသူ)နှင့် ဦးကျော်လင်း(အောင်ဘိတ်သိတ်ကျေးရွာ၊ ဘန့်ဘားကျေးရွာအုပ်စုနေသူ)တို့ ၃ ဦးသည် SURF မော်တော်ယာဉ်ဖြင့် မျှစ်ဝယ်ယူ၍ ခြောက်အိမ်စုကျေးရွာမှ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ပြန်လာစဉ် ပျဉ်မနားမြို့နယ်၊ ကိုးတစ်ကျေးရွာအုပ်စု ဖုန်းဆိုးရွာနှင့် ကိုးတစ်ရွာကြားအရောက်တွင် (စိစစ်ဆဲ)အဆိုပါ အကြမ်းဖက်အဖွဲ့က လက်နက် ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ပြီး မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးသွားကြောင်း၊ ယာဥ်ပေါ်တွင်ပါရှိသော ဦးဝင်းရွှေ၊ စပ်ဝင်းသိန်းနှင့် ဦးကျော်လင်းတို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

      ၎င်း သေဆုံးသွားသူ ဦးဝင်းရွှေ၊ ဦးစပ်ဝင်းသိန်းနှင့် ဦးကျော်လင်းတို့အား ဆေးရုံသို့ ပို့ဆောင်ရန်အတွက် ကိုးတစ်ကျေးရွာအခြေပြု ကယန်းပြည်သစ်ပါတီတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/သားများမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

#PAN