အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား ပြင်ဆင်ပြီးစီးပြီဖြစ်၍ ယာဥ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်

ဇူလိုင် ၂၈

         ဇွန်လ ၂၉ ရက်နေ့က အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ ကျုံအိတ်တံတားကို ပြင်ဆင်တည်ဆောက်ရေးများ ဆောင်ရွက်လျှက်ရှိရာပြီးစီးပြီဖြစ်၍ ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ ခရီးသည်တင်ကားများ၊ ကုန်ကားများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်သောင်းကျန်း သူ  KNU တပ်မဟာ (၁) နှင့်PDF ပူးပေါင်းအဖွဲ့များသည် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား ပြုပြင်တည်ဆောက်ရေးလုပ်ဆောင်နေစဥ်ကာလအတွင်း Drone များအသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းကို အကြိမ်များစွာ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသော ရန်ကုန် – ဘားအံ လမ်းမကြီးကို ဆက်သွယ်မှုပြတ်တောက်အောင် ရည် ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN