မြန်မာနိုင်ငံသား ၇ဝဝ ကျော် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် အတွက် ၎င်းတို့အား မြန်မာနိုင်ငံဘက်သို့ ပြန် လည် ေ လွှတ်ရန် ပြည်နယ်အစိုးရက အာသံရိုင်ဖယ်တပ်ကို တာဝန်ပေးထား

ဇူလိုင် ၂၈

       မြန်မာနိုင်ငံဘက်ခြမ်းတွင် စစ်တပ်နှင့် အရပ် သားတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကလေးသူငယ် ၃၀၁ ဦးနှင့် အမျိုး သမီး ၂၀၈ ဦးတို့အပါအဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးအိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချန်ဒယ်ခရိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြပါကြောင်း ချန်ဒယ်ခရိုင် အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း The Statesman သတင်းဌာနမှ ဖော်ပြခဲ့ပါသည်။

      မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံဘက်သို့ ပြန်လွှတ်ရန်အတွက် ပြည်နယ်အစိုးရက အာသံရိုင်ဖယ်တပ်ကို တာဝန်ပေးထားကြောင်း မဏိပူရပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး Vineet Joshi က ပြောကြားခဲ့ပါသည်။ ထို့အပြင် အဆို ပါ မြန်မာနိုင်ငံသား ၇၁၈ ဦးအားအထောက် အထား တစ်စုံတစ်ရာမပါရှိဘဲ မည်သည့်အတွက်ကြောင့်/ မည်သို့ဝင်ခွင့်ပြုခဲ့သည်တို့ကို အတည် ပြုစိစစ်ပြီး အသေးစိတ်အစီရင်ခံတင်ပြရန် အာသံရိုင်ဖယ်တပ်ကို ညွှန်ကြားထားသည်ဟုလည်း ပြောကြားခဲ့ပါသည်။   

      မြန်မာနိုင်ငံသားများသည် စနေနေ့နှင့် တနင်္ဂ နွေနေ့က ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ
ချန်ဒယ်ခရိုင်အတွင်းရှိ မြန်မာနယ်စပ် ကျေးရွာ ၇ ခုတွင် နေထိုင်လျက်ရှိပါသည်။

      နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်သည့် အာသံရိုင်ဖယ်တပ်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်နှင့်အညီ တရားဝင်ဗီဇာနှင့် ခရီးသွားစာရွက်စာတမ်းများမပါရှိဘဲ မည်သည့်အကြောင်းနှင့်မျှ မြန်မာနိုင်ငံသားများအား မဏိပူရပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုရန်နှင့် တင်းတင်း
ကြပ်ကြပ် အရေးယူဆောင်ရွက်သွားရန် ပြည်နယ်အစိုးရက ပြောကြားထားပါကြောင်း Joshi က
ပြောကြားခဲ့ပါသည်။

      “လက်ရှိဖြစ်ပွားနေသည့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကိစ္စရပ်များကြောင့်
ယခုလို ဒုက္ခသည် ၇၁၈ ဦး တရားမဝင် ထပ်မံဝင်ရောက်လာမှုသည် နိုင်ငံတကာအဆင့်အထိ
အကျိုးဆက်များ ရှိလာနိုင်သည့်အတွက် ပြည် နယ်အစိုးရက အလေးထားဆောင်ရွက်နေပါကြောင်း” ၎င်းက ပြောကြား ခဲ့ပါသည်။

      အခြေအနေအား ထိထိရောက်ရောက် ကိုင် တွယ်သွားရန်နှင့် အဆိုပါလူပုဂ္ဂိုလ်များအားလုံး ၏ကိုယ်ရေးအချက်အလက်များနှင့် ဓာတ်ပုံများ ရယူထားရန် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ကို တောင်းဆိုထားပါကြောင်း အစိုး ရအဖွဲ့ အတွင်းရေးမှူးက ပြောကြားခဲ့ပါသည်။

       မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာထိန်း(မူရင်းစာ – အာဏာ သိမ်း)ပြီးနောက် မြန်မာနိုင်ငံသား ၃၅,၀၀၀ နီးပါး မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးလာခဲ့ကြပြီး ယခုအခါ တောင်ကုန်းတောင်တန်းများရှိသည့် ယင်းပြည်နယ်အတွင်း၌ နေထိုင်နေကြပါသည်။ အစောပိုင်းက မြန်မာနိုင်ငံသား ၅,၀၀၀ နီးပါး မဏိပူရပြည်နယ်အတွင်း လာရောက်ခိုလှုံခဲ့ကြပါသည်။ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကီလိုမီ တာ ၄၀၀ ခန့် နယ်နိမိတ်ချင်းထိစပ်နေပြီး မီဇိုရမ်ပြည်နယ်က ကီလိုမီတာ ၅၁၀ ထိစပ်နေကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။

#PAN