မြိုင်မြို့နယ် တောင်ပိုင်းရှိ တွင်းမပြည်သူ့စစ်ကျေးရွာကို အကြမ်းဖက်သောင်းကျန်းသူ PDF များ အင်အားအများအပြားဖြင့် လာရောက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်၊ ပြည်သူများ မနေရဲတော့ပဲ အိုးအိမ်များစွန့်ခွာ ထွက်ပြေး

ဇူလိုင် ၂၈

    မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် တောင်ပိုင်းရှိ တွင်းမပြည်သူ့စစ်ကျေးရွာသည် တပ်မ တော်ကို ထောက်ခံအားပေးသော ကျေးရွာဖြစ် ကြောင်း၊ အိမ်ခြေ ၁၃၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ကျော်ရှိပြီး အထကကျောင်း ဖွင့်လှစ်ထားသည့် ကျေးရွာဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ကျေးရွာပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များက ပျေးရွာကို အကြမ်းဖက်များရန်မှ ကာကွယ်ပေးထားကြောင်း၊ ၎င်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှာ အကြမ်းဖက် အားပေးပြီး အကြမ်းဖက်သောင်းကျန်းသူ PDF များ စိုးမိုးထားသောရွာများဖြစ်ကြောင်း သိရပါသည်။

      ယခုရက်ပိုင်းအတွင်း ဇူလိုင်လ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ပြည်သူ့စစ်များ လက်နက်ချရန် ခြိမ်းခြောက်ကာ ပြည်ခိုင်ဖြိုးပါတီဝင် ၃ ဦးနှင့် အခြားသာမန်ပြည်သူတစ်ဦးတို့ကို သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ ပြည်သူများ မနေရဲတော့ပဲ အိုးအိမ်များစွန့်ခွာ ထွက်ပြေးသွားကြကာ အိမ်ထောင်စု ၇၀ ခန့်သာကျန်ရှိတော့ကြောင်း၊
အထက်တန်းကျောင်းသို့ ကျောင်းသား၊ကျောင်း သူများ မလာရဲသဖြင့် ယခုအခါ ကျောင်းပိတ်ထားရကြောင်း သိရသည်။

      မကြာခင်ရက်ပိုင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူ PDF များ အင်အား အများအပြားဖြင့် လာရောက်တိုက်ခိုက်မည်ဖြစ်ကြောင်း သတင်းများရရှိထားသဖြင့် ရွာရှိ ပြည်သူ့စစ်များအနေဖြင့် သတိဖြင့်နေထိုင်နေကြရကြောင်း၊ ၎င်းကျေးရွာ ကျဆုံးသွားပါက မြိုင်မြို့နယ်တွင် မြိုင်မြို့ပေါ် ၃ရပ်ကွက်မှအပ ကျန်ကျေးရွာအုပ်စု ၈၁ အုပ်စုအားလုံးသည်  အကြမ်းဖက် PDF များ၏ အုပ်ချုပ်မှုအောက် ကျရောက်သွားမည်ဖြစ် ကြောင်း၊ တွင်းမပြည်သူ့စစ်ကျေးရွာအား အကြမ်းဖက် PDF များ တိုက်ခိုက်မှုမှ ကြိုတင်ကာကွယ်ပေးမှုများ ပြုလုပ်ပေးရန် နယ်မြေခံပြည်သူများက မျှော်လင့်နေကြကြောင်း ဒေသခံပြည်သူ များထံမှ သတင်းပေးပို့လာပါသည်။

      မြိုင်မြို့နယ်သည် မကွေးတိုင်းဒေသကြီး အတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသောမြို့နယ် တစ်ခု ဖြစ်ပါသည်။

#PAN