ချောက်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက ကျောင်းသား၊ သူများ ကျောင်းမတက်စေရန် ပစ်စာများဖြင့်ခြိမ်းခြောက်

ဇူလိုင် ၂၈

    ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ် (၁၅) နယ်မြေ၊ရတနာအိုင့်ရပ်၊အ.မ.က(၈၉)၊အ.ထ.က (၁)တို့တွင် ကျောင်းသား၊ သူများ ကျောင်းမတက်စေရန်နှင့် ဆရာ / ဆရာမများအား ပစ်စာများဖြင့်
ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါသည်။

       အေးချမ်းလျှက်ရှိသော ချောက်မြို့တွင် ဗုံး ထောင်ဗုံးခွဲခြင်းများ၊ ခြိမ်းခြောက်စာပစ်ခြင်းများ အဆက်မပြတ်ပြုလုပ်လာကြောင်း မြို့ခံပြည်သူများထံမှ သိရပါသည်။

  ထို့ကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ ယခုလို ပညာသင်ကြားမှုများအဟန့်အတားဖြစ်စေသည့် ခြိမ်းခြောက်ပြောဆိုမှုများ သည် ဒေသတွင်း ကျောင်းသူ/သား ကလေးများကို ပညာမဲ့ပြီး အနာဂါတ်ဘဝပျက်စီးရာ ပျက်စီးကြောင်းကို ဖြစ်စေကြောင်း၊ ၎င်းအကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို မနှစ်မြို့ကြကြောင်း မြို့ခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN