မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံနိုင်ငံများက မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုပြုလုပ်သင့်ပါကြောင်း မလေးရှားဝန်ကြီးချုပ်ပြောကြား

ဇူလိုင် ၂၈

       ပိုမိုနက်နဲလာသည့် မြန်မာ့အကြပ်အတည်းကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေရေး
အတွက် မြန်မာနိုင်ငံနှင့် အလွတ်သဘောထိတွေ့ ဆက်ဆံမှုပြုလုပ်ရန် အာဆီယံနိုင်ငံများအား
တစ်နိုင်ငံချင်းစီအလိုက် လွတ်လပ်စွာလုပ်ပိုင်ခွင့် အနည်းငယ်ပေးအပ်ထားသင့်ပါကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြထားပါသည်။

       ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေး ကောက်ခံအစိုးရထံမှ အာဏာသိမ်းခဲ့ပြီးနောက် စတင်ဖြစ်ပေါ်လာခဲ့သည့် အကြမ်းဖက်မှုများ
အဆုံးသတ်နိုင်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများ၏ အခန်းကဏ္ဍ ခိုင်မာအားကောင်းလာ
စေရန် လိုအပ်သည်ကို မလေးရှားဝန်ကြီးချုပ်နှင့် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ
နေသည့် ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း သဘောတူညီ
ခဲ့ကြသည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

       တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံနှင့် အလွတ် သဘောထိတွေ့ ဆက်ဆံမှုပြုလုပ်ရန် အိမ်နီးချင်း
နိုင်ငံများကို ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် နယ် ပယ်/ နေရာအချို့ ဖန်တီးပေးထားသင့်ပါကြောင်း
မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။
       သို့ရာတွင် အထူးသဖြင့် မွတ်စလင် ရိုဟင်ဂျာများနှင့် အခြားလူမျိုးများအပါအဝင် လူနည်းစုများအပေါ် ဆက်ဆံမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုပြဿနာရပ်များကို လျစ်လျူရှုထား၍ မရပါကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

      အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရန်နှင့် အာဆီယံအထူးကိုယ်စားလှယ်၏ ကြားဝင်
ညှိနှိုင်းပေးမှုဖြင့် ဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုထားပြီး ၂၀၂၁ ခုနှစ်တွင် သဘောတူညီခဲ့ကြသည့် တူညီဆန္ဒ ၅ ရပ်အား အကောင် အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်က ငြင်းဆန်နေမှုအပေါ် လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စိတ်ပျက်နေကြပါသည်။ အာဆီယံက မြန်မာစစ်ဗိုလ်ချုပ်ကြီးများအား အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်ပိတ်ပင်ထားပါသည်။

      မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံမှုပြုလုပ်ရန် ထိုင်းနိုင်ငံက နှစ်နိုင်ငံလမ်းကြောင်းကို အသုံးချ
ဆောင်ရွက်နေခဲ့ပြီးဖြစ်ပါသည်။ ထိုင်းနိုင်ငံခြား ရေးဝန်ကြီး Don Pramudwinai က ယခုလ
အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်အား အချုပ်ထောင်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တရားဝင်တွေ့ဆုံခွင့်ရခဲ့သည့် နိုင်ငံခြားအစိုးရအရာရှိတစ်ဦးဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် အာဆီယံအထူးကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကို စစ်အစိုးရက အစောပိုင်းတွင် ငြင်းပယ်ခဲ့ပါသည်။

       ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်ချမ်းစွာဖြေရှင်းနိုင်ရေးအတွက်
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံထံမှ ချဉ်းကပ်ဆောင်ရွက်မှုဖြစ်ပါကြောင်း ထိုင်းနိုင်ငံခြားရေး
ဝန်ကြီးက ပြောကြားခဲ့ပါသည်။ အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာပါက မြန်မာနိုင်ငံမှ ဒုက္ခသည်
များစွာ ထိုင်းနိုင်ငံဘက်အတွင်းသို့ ထပ်မံဝင်ရောက်လာမည်ကို စိုးရိမ်နေရသည့်ကြားမှပင် ပဋိပက္ခလျှော့ချ နိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ထိုင်းနိုင်ငံက ထိုသို့ချဉ်းကပ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း အရှေ့တောင်အာရှသံတမန်များက Associated Press သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

      မလေးရှားဝန်ကြီးချုပ်နှင့် ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်သမ္မတ
Marcos က မြန်မာနိုင်ငံ၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါ။ သို့ရာတွင် ပြဿနာများအား ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံများက နှစ်နိုင်ငံလမ်းကြောင်းကို အသုံးချနိုင်စွမ်းရှိသင့်သည်ကို ၎င်းက သဘောတူညီခဲ့ပါသည်။

     “ထိုအချက်က လက်ရှိအချိန်တွင် အာဆီယံအဖွဲ့ဝင်များ စိုးရိမ်နေရသော အာဆီယံက ရင်ဆိုင်
နေရသည့် ပြဿနာအားလုံးအတွက် အရေးပါသည့် ရှုထောင့်ဖြစ်သည်ဟု မိမိထင်မြင်ပါကြောင်း” ၎င်းက ပြောကြားခဲ့ပါသည်။
        မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနှင့် လက် နက်ကိုင်တော်လှန်သူများအား ဖြိုခွင်းမှုများ
ကြောင့် မြန်မာနိုင်ငံက လူများသေကြေပျက်စီးရသည့် ပဋိပက္ခအတွင်းသို့ သက်ဆင်းသွားခဲ့ပါ သည်။ အမေရိကန် နိုင်ငံအပါအဝင်အနောက်နိုင်ငံများနှင့် ဥရောပသမဂ္ဂ အစိုးရများက မြန်မာစစ် တပ်အပေါ် ကန့်သတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအကျဉ်းသားများကိုချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါသည်။

       အသက် ၇၈ နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် စွဲချက်ပေါင်းများစွာဖြင့် စစ်ဆေးစီရင်ခံခဲ့ရပြီး စုစုပေါင်း ထောင်ဒဏ် ၃၃. နှစ်ချမှတ်ခံထားရပါသည်။ ယင်းစွဲချက်များသည်
ဒေါ်အောင်ဆန်းစုကြည် အား ဂုဏ်သိက္ခာပိုင်းထိခိုက်စေရန်နှင့် သူမအား နိုင်ငံရေးလောကထဲသို့
ပြန်ရောက်မလာစေရန် တားဆီးပြီး စစ်တပ်အာ ဏာသိမ်းမှုကို ဥပဒေနှင့်အညီဖြစ်စေရန် ကြိုးပမ်းသည့် နိုင်ငံရေးစေ့ဆော်မှု ကြောင့်ဖြစ်ပေါ်လာသော စွဲချက်များဖြစ်ကြောင်း သူမကို ထောက်ခံသူများနှင့် လူ့အခွင့်အရေးအုပ်စု များက ပြောကြားခဲ့ပါသည်။

       အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ များ အပါအဝင် အရပ်သားပြည်သူ ၃,၇၅၀ ကျော် သတ်ဖြတ်ခဲ့ပြီး ၂၄,၀၀၀ နီးပါးကို ဖမ်းဆီး
ထိန်းသိမ်းခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများအကူအညီပေးရေးအဖွဲ့က အချက်အလက်များအရ သိရှိရပါသည်။

       အင်္ဂါနေ့က မလေးရှားနိုင်ငံသို့ ရောက်ရှိလာသည့် ဖိလစ်ပိုင်သမ္မတ Marcos ကြာသပတေး နေ့တွင် မထွက်ခွာမီ စီးပွားရေးအခမ်းအနားတစ်ခုနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ခုသို့ တက်ရောက်မည်ဖြစ် အဆိုပါ AP သတင်းဌာနက ဖော်ပြထားပါ သည်။

#PAN