တမူးမြို့နယ်၊ ခမ်းပတ်တိုက်နယ်တွင် အကြမ်း ဖက်သောင်းကျန်းသူ PDF များကို တပ်မတော်စစ်ကြောင်းမှ ထိုးစစ်ဆင်လိုက်လံတိုက်ခိုက်

ဇူလိုင် ၂၈

     စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ခမ်း ပတ်၊အမှတ်(၁)ရပ်ကွက်မှ (၃)ရပ်ကွက်သို့ ဆုတ်ခွာအခြေချနေသော အကြမ်းဖက်သောင်းကျန်းသူ PDF များနှင့် တပ်မတော်စစ် ကြောင်းတို့ ယနေ့ နံနက်ပိုင်းမှစ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ယခုသတင်းပေးပို့ချိန်တွင် ခမ်းပတ်(၄)ရပ်ကွက်သို့ ​ဆုတ်ခွာနေရာ တပ်မတော်
စစ်ကြောင်းက လိုက်လံထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားရာသို့ မွန်းလွဲ ၂ နာရီမှစ၍ တပ်မတော်မှ MI. 35ဖြင့် လေကြောင်း ပစ်ကူပေးတိုက်ခိုက်လျှက်ရှိကြောင်းနှင့် အကြမ်းဖက် PDF များ ထိခိုက်အကျအဆုံးများပြားနိုင်ကြောင်း သတင်းရရှိပါသည်။

      အဆိုပါ ခမ်းပတ်(၄)ရပ်ကွက်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ရပ်ကွက်လုံးနီးပါး ကန့်ကွက်မဲပေးခဲ့ပြီး၊၂၀၁၅ ခုနှစ်၊၂၀၁၈ ခုနှစ်၊၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတိုင်းတွင် NLD ပါတီကိုသာ ထောက်ခံမဲပေးခဲ့သည့် နေရာဖြစ်ပါသည်။ ၎င်း ရပ်ကွက်မှ NLD ပါတီကို အမာခံ ထောက်ခံသည့်အလျှောက် ၂၀၂၀ ခုနှစ် ရွေး ကောက်ပွဲတွင် NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲလိမ်၊မဲခိုးခဲ့မှုအပေါ် မယုံကြည်ကြဘဲ လက်နက်စွဲကိုင် အကြမ်းဖက်လမ်းစဥ်ကိုရွေးပြီး လမ်းမှားရောက်ခဲ့ကြကြောင်း သိရပါသည်။

#PAN