စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦး ပုသိမ်ကြိုး တံတားသံဘောင်ပေါ်တွင်လမ်းတက်လျှောက်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့

ဇူလိုင် ၂၇

      ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်း​သေကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ကြိုးတံတားသံဘောင်ပေါ်တွင်
အမျိုးသား ၁ ဦး လမ်းတက်လျှောက်သဖြင့် တံတားအနီးဝန်းကျင်မှာ လူစုလူဝေးဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

       အဆိုပါ အမျိုးသား၏ တံတားသံဘောင် အမြင့်ဆုံးအပိုင်းနေရာအထိ လမ်းလျှောက်နေသည့် ရုပ်သံဖိုင်မှာ ဒေသခံများ၏ လူမှုကွန်ရက်မှ ဖော်ပြနေသည်ကို တွေ့ရပါသည်။

        အဲဒီအမျိုးသားကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကရိန်းဖြင့်တက်ပြီး ခေါ်ဆောင်ရာတွင် ထွက် ပြေးပြီး အနားကပ်လာသူကိုလည်း ရန်လုပ်နေတယ်လို့ ဆိုပါသည်။  တံတားအနီးဝန်းကျင်မှာ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များက ပိုက်ကွန်များခံထားပြီး လိုအပ်သည့်အကူအညီပေးနိုင်ရေ
ပြင်ဆင်ထားကြပါသည်။

     အဆိုပါပါ အမျိုးသား တံတားပေါ်စတက်ချိန်မှာ အချိန်အတိအကျမသိရဘဲ မွန်ပိုင်းအချိန်ခန်က တက်ရောက်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ၄၈ မိနစ်အချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များက တံတားပေါ်မှ ကယ်ဆယ်ခဲ့ပြီး အောက်သို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။

       ၎င်းအမျိုးသားမှာ လပြည့်စိုး(ခ)ကြွတ်နီ၊ (သ)၂၂ နှစ်၊ (ဘ)ဦးစိုးလင်း၊ (မိ)ဒေါ်ဘုတ်စုံ(ခ)စန်းစန်းနွယ်၊ မပတမရှိ၊ ကျဘမ်း၊ ဝါးတောတဲစု၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ ပုသိမ်မြို့နယ်နေသူဖြစ်ကြောင်း၊ ၎င်းတွင် ဝါးတောတဲစုနေ ဇနီး မပိုပိုချစ်နှင့် သမီးငယ်တစ်ဦးရှိကြောင်း၊ မိခင်ဖြစ်သူမှာလေဖြတ်နေသူဖြစ်ကြောင်း၊ ယခုဖြစ်စဥ်မှာစိတ်ဝေဒနာရှင် တစ်ဦးဖြစ်၍ ပြုလုပ်ခြင်းသာဖြစ်ကြောင်းသိရှိရသဖြင့် မိသားစုထံဆက်သွယ်၍ ပြန်လည်အပ်နှံရန်စီစဥ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN