တောင်သာမြို့နယ်၊တောင်သာ-နွားထိုးကြီးသွားကားလမ်းမှ ဇရပ်ကြီးကျေးရွာဘက်သို့သွားသည့် မြေသားလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်း သူ PDF များက အပြစ်မဲ့ပြည်သူ တစ်ဦးကို သတ်ဖြတ်ပြီး မော်တော်ယာဥ် တစ်စီးကို ယူ ဆောင်ထွက်ပြေး

ဇူလိုင် ၂၇

      ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင်
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊တောင်သာ-နွားထိုးကြီးသွားကားလမ်းမှ ဇရပ်ကြီးကျေးရွာဘက်သို့သွားသည့် မြေသားလမ်းပေါ်တွင် ဇရပ်ကြီးမှ တောင်သာ – နွားထိုးကြီးသွားကားလမ်းသို့ မောင်းနှင်လာသည့် လိုက်ထရပ် ယာဉ် ၁ စီးကို ဆိုင်ကယ်များဖြင့် စီးနင်လာပြီး သေနတ်အတို/ အရှည်များ ကိုင်ဆောင်ထား သော အကြမ်းဖက်သောင်းကျန်းသူ PDF (စိစစ်ဆဲ)အဖွဲ့မှ ကားရှေ့မှ ပိတ်ရပ်တားဆီးပြီး ယာဉ် မောင်းသူအား သေနတ်ဖြင့် ပစ်သတ်၍ ကားအားယူဆောင်သွားကြောင်း သိရပါသည်။

    နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့သည် အခင်း ဖြစ်ရပ်သို့ မွန်းလွဲ ၁၂ နာရီ ၁၅ အိနစ်အချိန်ခန့်တွင် ရောက်ရှိစစ်ဆေးခဲ့ရာ တောင်သာ-နွားထိုးကြီးသွားကားလမ်းမှ ဇရပ်ကြီးကျေးရွာဘက်သို့သွားသည့် မြေသားလမ်းဘေးတွင် ဦးဝင်းအောင်ဌေး၊ ၄၃ နှစ်၊ (ဘ) ဦးကြာယုံ၊ဗမာ/ ဗုဒ္ဓ၊ သားသတ်လုပ်ငန်း၊ဇရပ်ကြီးကျေးရွာ၊ တောင်သာမြို့နယ်မှာ ယာဘက်နားထင်ဖောက်ဝင်ပြီး ဝဲဘက်ပါးစောင်မှ ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် မှောက်လျက်သေဆုံးနေကြောင်း၊ အခင်းဖြစ်နေရာအနီးတွင် ၇.၆၂/၃၉ ကျည်ခွံ ၁ ခု တွေ့ရှိခဲ့ရကြောင်း၊ သေဆုံးသူရုပ်အလောင်းအား တောင်သာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါ သည်။

     ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ ဦးဝင်အောင်ဌေးမောင်းနှင်သည့် MDY 8M/ 3539 လိုက်ထရပ် အဖြူရောင်ယာဉ်ပေါ်တွင် တူမဖြစ်သူ နွဲ့ယဉ်ဝင်း၊၄၀ နှစ်၊ (ဘ) ဦးဘိုလော၊ ဗမာ/ဗုဒ္ဓ၊ မှီခို၊ ဇရပ်ကြီးကျေးရွာ၊ တောင်သာမြို့နယ်သူလိုက်ပါလျက် တစ်ရွာတည်းနေ ရဲမင်းစိုး၊ ၃၉ နှစ်၊ (ဘ)
ဦးရာမောင်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၊ ဇရပ်ကြီးကျေးရွာ၊ တောင်သာမြို့နယ်နေသူ၏ ထော်လာဂျီအား ပြင်ရန် ကြိုးဖြင့်ဆွဲလာခဲ့ရာ နံနက် ၁၁ နာရီခွဲအချိန်ခန့် အခင်းဖြစ်နေရာအရောက်တွင် ဆိုင်ကယ် ၂ စီးဖြင့် မည်မသိအကြမ်းဖက်သမား ၄ ဦးသည် သေနတ်အတို/အရှည်များကိုင်ဆောင်၍ လိုက်ထရပ်ယာဉ်တွင် ပိတ်ရပ်ကာ မနွဲယဉ်ဝင်းနှင့် ရဲမင်းစိုးတို့အား ယာဉ်ပေါ်မှ ဆင်းခိုင်းပြီး
မှောက်လျက်အနေအထားရှိနေစေလျက် ယာဉ်မောင်း ဦးဝင်းအောင်ဌေးအား ယာဉ်ပေါ်မှဆွဲချ၍ သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်းနှင့် လိုက်ထရပ်ယာဉ်ကို အကြမ်းဖက် သမားများက ဇရပ်ကြီးကျေးရွာဘက်သို့သွားသည့် မြေသားလမ်းမှ တစ်ဆင့် တောင်သာ- နွားထိုးကြီးသွားကားလမ်းအတိုင်း နွားထိုးကြီးမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

          ယခု အသတ်ခံရသူ ဦးဝင်းအောင်ဌေး သည် ဇရပ်ကြီးကျေးရွာတွင် NLD အမာခံကေဒါတစ်ဦးဖြစ်ပြီး အကြမ်းဖက်သမားများယူဆောင်သွားသော light truck ယာဥ်သည် ၂၀၂၀ ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် NLD ပါတီအတွက် မဲဆွယ်စည်းရုံးရာတွင် အသုံးပြုခဲ့သောယာဥ်ဖြစ်ကြောင်း သိရသည်။ ပါတီပိုင် ငွေး/ကြေး ကိစ္စများရှုတ်ထွေးမှုများကြောင့် နွားထိုးကြီးမြို့နယ် လူသတ်အကြမ်းဖက် PDF အဖွဲ့က သတ်ဖြတ်ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ လူသတ်အကြမ်းဖက် PDF များကို ဖမ်းဆီးရမိရေးအတွက် နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့တို့မှ အဖွဲ့များခွဲ၍ အလယ်ချိုင့်ကျေးရွာ၊ပဲခင်းကျော်ကျေးရွာ၊ ရန်ကင်းသာစည်ကျေးရွာနှင့် မကြီးပင်တဲကျေးရွာများသို့ ပိတ်ဆို့စစ်ဆေးခြင်း၊ နယ်နိ မိတ်ဆက်စပ်သည့် မြို့နယ်၊ တပ်နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

#PAN