ပဲခူးတိုင်းဒေသကြီး(အရှေ့)ခြမ်းတွင် အကြမ်း ဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက ယခုလအတွင်း ပြည်သူအများအသုံး ပြုနေသော လမ်းတံတားများ၊ မီးရထားလမ်းများ၊ လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဗုံးခွဲခြင်း ပိုမိုပြုလုပ်လာ

ဇူလိုင် ၂၆

     ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်၊ကျောက်ကြီး – နတ်သံကွင်း ကားလမ်းမပေါ်ရှိ ပေါက်မြောင်းတံတားကို အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က မိုင်းထောင်
ဖောက်ခွဲဖျက်ဆီးခဲ့ရာ လူ၊ မော်တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်များ လုံးဝသွားလာ၍ မရနိုင်တော့ကြောင်း သိရသည်။

       အဆိုပါ တံတားကို ဇူလိုင်လ ၁၃ ရက်နေ့က နောက်ဆုံး ဖောက်ခွဲဖျက်ဆီးခဲ့ရာ ဒေသခံပြည်သူများက ယာယီသွားလာနိုင်အောင် ပြင်ဆင်ထားပြီးနောက် ယခုအခါ ပဥ္စမအကြိမ်မြောက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်း သိရသည်။

      အလားတူ ကျောက်တံခါးမြို့နယ်၊ ဇီးကုန်းရွာအနီးရှိ တောင်ငူ – သာယာကုန်းအားဆက်သွယ်ထားသော 230 KVA လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတာဝါတိုင်နှစ်ခုအား ယမန်နေ့ ညသန်းခေါင်း ၁၂ နာရီအချိန်က အကြမ်းဖက်ငေါင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်တာဝါတိုင်အမှတ် (၂၄၅)နှင့်(၂၄၆)တို့မှာ ပြိုကျပျက်ဆီးခြင်း ၊ယိုင်နဲ့ခြင်းတို့ဖြစ်ပွားခဲ့ရပြီး လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။

    အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များသည် ယခုလပိုင်းအတွင်းပဲခူး တိုင်းဒေသကြီး(အရှေ့)ခြမ်းတွင် အထင်ကရဘုရား၊ စေတီများကို Drine ဖြင့် ဗုံးကြဲချခြင်း ၊ ဘုန်းတော်ကြီးကျောင်းများကို ဗုံးကြဲချခြင်း ၊
ရဟန်း သံဃာများအားသတ်ဖြတ်ခြင်း၊ ပြည်သူအများအသုံးပြုနေသော လမ်းတံတားများ၊ မီးရ ထားလမ်းများ၊ လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဗုံးခွဲခြင်း ၊ ဌာနဆိုင်ရာရုံးများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများအား သတ်ဖြတ်လုပ်ကြံခြင်း ၊လူနေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း ၊ကျောင်းသား/ ကျောင်းသူများအား တားဆီးစစ် ဆေးရိုက်နှက်ခြင်း ဖမ်းဆီးခေါ်ဆောင်ခြင်း ဆိုင်ကယ်၊ လက်ကိုင်ဖုံးများ ပစ္စည်းများအားလုယက်ဓားပြတိုက်ခြင်းများကို ပိမိုလုပ်ဆောင်လာကြကြောင်း ဒေသခံပြည်သူများထံမှ သတင်း ရရှိသည်။

#PAN