“ကမ္ဘောဒီယား ဝန်ကြီးချုပ်က နိုင်ငံရေး လောကမှ အနားယူတော့မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး နိုင်ငံ၏ လူငယ်များ သည် နောင်လာမည့် အစိုးရသစ် အတွက်အလွန်အရေးကြီးကြောင်း ထပ်လောင်း ပြောကြားခဲ့”

ဇူလိုင် ၂၆

ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်သူ ဟွန်ဆန် က ကမ္ဘောဒီးယားနိုင်ငံတွင် အာဏာရခဲ့သည့် ဆယ်စုနှစ် ၄ခု နီးပါးကြာမြင့်ခဲ့ ပြီးနောက် အနားယူတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်း၏ သာအကြီးဆုံးဖြစ်သူသည်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီအတွင်း အပြတ်အသတ်မဲ အနိုင်ရခဲ့ပြီးနောက် အစိုးရသစ် ဖွဲ့စည်းရန် ပြင်ဆင်မှုများ ပြုလုပ်တော့ မှာလည်းဖြစ်ပါတယ်။

ယနေ့ ဇူလိုင် ၂၆ရက် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် ကမ္ဘေဒီးယားနိုင်ငံ ရုပ်မြင်သံကြားသတင်း တစ်ခုတွင် ဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယားတွင်ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ပါက နိုင်ငံ၏ အခြေအနေ မတည်မငြိမ် ဖြစ်လာနိုင်ခြင်းများ ကြောင့် “လူငယ်အားလုံးဟာ လာမည့် အစိုးရအဖွဲ့အသစ်” ကို ထိန်းချုပ်သွားကြရန် အလွန်လိုအပ်ကြောင်း ၎င်းက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် ဝန်ကြီးချုပ်က “ပါတီက ကိုယ်စား လှယ်လောင်းကို ၀န်ကြီးချုပ် အဖြစ် ရွေးချယ် ခန့်အပ်ထားပြီးပါပြီ အခု လာမယ့် ရက် သတ္တပတ်တွေမှာ ဝန်ကြီးချုပ် ဖြစ်လာမှာပါ”လို့ ၎င်း၏ သားအကြီး ဆုံးဖြစ်သူကို ရည်ရွယ်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။