“မွတ်ဆလင် ဘာသာကျမ်းတော် ကုရ်အာန် ကျမ်းကို မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ပြီး နောက် ကာတာနိုင်ငံရှိ စျေးဝယ် စင်တာများတွင် ဆွီဒင်နိုင်ငံ ထုတ်ကုန် ပစ္စည်းများ ကို ဖယ်ရှားမှု များပြုလုပ်ခဲ့ကြ”

ဇူလိုင် ၂၆

ကာတာနိုင်ငံအတွင်းရှိ အဓိက စျေးဝယ်စင်တာ စူပါမားကတ်များ တွင် ကျမ်းမြတ်ကုရ်အာန်ကို မီးရှို့ ရှုတ်ချခြင်းအား ဆန့်ကျင်သည့်ဆန္ဒပြသည့် အနေဖြင့် ဆွီဒင် နိုင်ငံထုတ် ကုန် ပစ္စည်းများ အားလုံးကို ၎င်းတို့ ၏ စူပါမားကတ်များမှာ ဖယ်ရှား လိုက်ကြောင်း ဒေသတွင်းမီဒီယာများက ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်နေ့က ဖော်ပြပြော ဆိုခဲ့ကြပါတယ်။

မကြာသေးမှီအချိန်က ဖြစ်ပွားခဲ့သော မွတ်ဆလင်ဘာသာ ကျမ်းတော်မြတ်ကုရ်အာန်ကို တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည့်အပေါ် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ဘာသာဝင်များက ရှုတ်ချ ကြောင်း ထုတ်ဖော် ပြောကြားပြီးချိန်တွင် အဆိုပါ ဆန္ဒပြ သပိတ်မှောက်မှုများ ဖြစ်ပေါ်လာ ခြင်းလည်းဖြစ်တယ်လို့ သတင်းဌာန များကဖော်ပြပြောဆိုထားကြပါတယ်။