စံချိန်တင်ကြေးဖြင့် အမ်ဘာပေ ကမ်းလှမ်းခံရ

ဇူလိုင် ၂၆

    ဆော်ဒီကလပ် အယ်ဟီလယ်ဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၃၀၀ သန်း ပေးချေမယ်လို့ ကမ်းလှမ်းထားသလို အမ်ဘာပေကိုလည်း ၁နှစ် လုပ်ခလစာ ယူရို ၇၀၀သန်း အထိ ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

    အသက် ၂၄ နှစ်သာ ရှိသေးတဲ့ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်တော့သလို သက်တမ်းတိုးစာချုပ်ဖို့လည်း ငြင်းဆိုထား ပါတယ်။

    စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ အမ်ဘာပေ ကို ပီအက်စ်ဂျီအသင်းက စာချုပ်သက်တမ်း မကုန်ခင် မှာပဲ ရောင်းချချင်နေတာ ဖြစ်ပါတယ်။     အမ်ဘာပေရဲ့ မိသားစုဝင်တွေက အမ်ဘာပေကို ဆော်ဒီကလပ် အယ် ဟီလယ်ဆီ တရာသီ ပြောင်းရွှေ့ ကစားဖို့ တိုက်တွန်း အကြံပေးနေကြကြောင်း သိရပါတယ်။