ထားဝယ်မြို့ နယ်၊ သပြေချောင်းကျေးရွာ၊မူလွန်ကျောင်း အရှေ့အဝင်ပေါက်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက လက်လုပ်မိုင်းကို ၂ ရက်ဆက်တိုက် လာပစ်ချ

ဇူလိုင် ၂၆

         တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ နယ်၊ သပြေချောင်းကျေးရွာ၊ တပ်နယ်မြေ ခမရ (၄၀၁)အနီး မူလွန်ကျောင်း အရှေ့အဝင်ပေါက်
တွင် ယမန်နေ့ နံနက်ပိုင်းတွင် လက်လုပ်မိုင်းတစ် လုံး၊ ယနေ့ နံနက် ၆ နာရီတွင်လည်း လက် လုပ်မိုင်းတစ်လုံး အကြမ်းဖက်သောင်းကျန်းသူ PDF များက လာ ရောက် ပစ်ချခဲ့ကြောင်း သိရပါ သည်။
     အဆိုပါ လက်လုပ်မိုင်း နှစ်လုံးကို မပေါက်ကွဲမီ တွေ့ရှိခဲ့ပြီး နယ်မြေခံလုံခြုံရေးအဖွဲ့က သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရပါသည်။ အဆိုပါ ကျောင်းတွင် တပ်မိသားစုအများစု တက်ရောက်သည့်ကျောင်းဖြစ်ပြီး ယခုရက်အတွင်းကျောင်း သူ/သားများ စာမေးပွဲဖြေဆိုနေကြသည့်အချိန်ဖြစ်ကြောင်း၊ ကျောင်းသူ/သား မိဘများက ၎င်းတို့ သား၊သမီးများ၏ လုံခြုံရေးအတွက်စိတ်ပူနေကြကြောင်း သတင်းရရှိပါသည်။

#PAN