“အီတလီနိုင်ငံတွင် ပြင်းထန်သော ရာသီဥတု ဖြစ်ရပ် နှစ်ခု ဖြစ်ပွားနေပြီး လွန်ခဲ့သည့် ၂၄နာရီအတွင်း လူ၇ဦးထိသေဆုံးမှုဖြစ်ပွားခဲ့”

ဇူလ်ိုင် ၂၆

နိုင်ငံ၏ တောင်ပိုင်းတွင် တောမီးများ လောင်ကျွမ်းနေပြီး နိုင်ငံ၏ မြောက်ပိုင်းတွင် ပြင်းထန်သောအပူပိုင်း မုန်တိုင်း များဝင် ရောက်တိုက်ခက်ခံနေရသော အီတလီနိုင်ငံတွင် ပြင်းထန်သော ရာသီဥတုဖြစ်ရပ် နှစ်ခု ဖြစ်ပွား နေပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူ ၇ ဦး ထိသေဆုံးမှုများဖြစ်ပွားခဲ့ရတာလည်း ဖြစ်ပါတယ်။

အီတလီနိုင်ငံ Sicily ကျွန်းဒေသတွင် ပြီးခဲ့သည့် ဇူလိုင် ၂၅ရက် တနင်္လာနေ့က အပူချိန် ၄၇ ဒီဂရီစင် တီဂရိတ် အထိ မြင့်တက်မှုဖြစ်ပွား လာခဲ့ပြီးနောက် အီတလီနိုင်ငံ Sicily ဒေသ၏မြို့တော် Palermo မြို့၏ လေဆိပ်ကို ယာယီပိတ် ထားခဲ့ရပါတယ်။

Palermo မြို့အနီးတွင် ပြီးခဲ့သည့် တနင်္လာနေ့ မှစတင်ပြီး မိသားစု ၁၂၀ ကျော်တို့သည် ၎င်းတို့ နေထိုင်ရာ မြို့လယ် ခေါင်အဆောက် အအုံများ လူနေအိမ်များအတွင်းသို့ မီးခိုးများနှင့် ပြာမှုန်များ ဝင်ရောက်လာကာ လေရှူ မရအောင်ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ မြို့များအနှံ့ မီးသတ်ကားများနှင့် လူနာတင်ယာဉ်များ၏ ဥသြသံများ ဖြင့် ဆူညံသွားခဲ့ရပါတယ်။

Palermoမြို့ ရှိ လူ ၂၀၀ ကျော်သည် မီးခိုးငွေ့ ရှူရှိုက်မိခြင်းကြောင့် ဆေးကု သမှုများကို ခံယူခဲ့ကြရပါတယ်။

အဆိုပါ နေ့၏ မွန်းလွဲပိုင်းအစောပိုင်းတွင် ပုံမှန်အား ဖြင့် ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည့်ကျပ်နေသော Sicilian မြို့တော်၏ အဓိကလမ်းများသည် လူသူ ကင်းမဲ့ လုနီးပါးထိ ဖြစ်သွားခဲ့ရပါတယ်လို့ သတင်းဌာနများက ဖာ်ပြပြောဆိုထားကြပါတယ်။