“အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများပြုလုပ်နေကြသည့် မြန်မာနိုင်ငံ သား ဒုက္ခသည် လူဦးရေများ ပိုမိုတိုးပွားလာနေ”

ဇူလိုင် ၂၅

မြန်မာနိုင်ငံမှ ဒုက္ခသည်များ ပိုမိုများပြား လာသောကြောင့် အိန္ဒိယနိုင်ငံ မဏိပူရ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာကို ဖြစ်ပေါ်နေပြီလည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက် နှင့် ၂၃ ရက်နေ့တို့တွင် အိန္ဒိယနိုင်ငံ မဏိပူရသို့ နယ်စပ်ဖြတ် ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၇၀၀ ကျော်နီးပါးရှိကြောင်း အိန္ဒိယ အစိုးရက သတင်းထုတ်ပြန် ကြောညာခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ တရားမဝင်ဖြတ်ကျော်သူများတွင် ကလေး သူငယ် ၃၀၁ ဦး အပါအဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးကို “ ခရီးသွားစာရွက်စာတမ်းများ ” မပါဘဲ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြု ခဲ့ကြောင်း မဏိပူရဒေသ အစိုးရအာဏာပိုင် များက သတင်းဌာနများကို ပြောဆိုခဲ့တာ လည်းဖြစ်ပါတယ်။

မဏိပူရပြည်နယ်၏ အတွင်းရေးမှူး Vineet Joshi က ပြီးခဲ့သည့် ဇူလိုင် ၂၄ရက် တနင်္လာနေ့နှောင်းပိုင်းအချိန်က သတင်းဌာန တစ်ခုနှင့် ဆက်သွယ်ပြောဆို မှုများပြုလုပ် ခဲ့ရာတွင် ” အလားတူကိစ္စရပ်များနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ တရားဝင် ဗီဇာ(သို့မဟုတ်) ခရီး စာရွက်စာတမ်းများ မပါသော မြန်မာနိုင်ငံသားများအား အိန္ဒိယ နယ်စပ် အစောင့်တပ်Assam Rifles တပ်တွေက အသိပေး ပြောကြားမှုများ ပြုလုပ်ခဲ့ရကြောင်း နှင့် ချင်းဒဲခရိုင်မှ ဒုက္ခသည်အသစ် စုစုပေါင်း ၇၁၈ ဦးသည် အင်ဒို-မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်သို့ ဇူလိုင် ၂၃ ရက်က ဝင်ရောက်ခဲ့ကြ​ပါတယ်”လို့ ၎င်းက သတင်းဌာနများကိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။