မြင်းခြံမြို့နယ်အတွင်း လူ သတ်အကြမ်းဖက် PDF များ၏ ဆက်ကြေးကောက်ခံမှုများကြောင့် ဒေသခံပြည်သူများက မထောက်ခံတော့ဘဲ သတင်းပေးပို့မှုများအရ နယ်မြေလုံခြုံရေးအဖွဲ့များက ကင်းပုန်းဝပ်တိုက်ခိုက်၊အကြမ်းဖက် PDF ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

ဇူလိုင် ၂၅

         ယမန်နေ့ ညက မန္တလေးတိုင်းဒေသကြီး၊
မြင်းခြံမြို့နယ်၊ ရသာရွာနှင့် ဖက်ရင်းရွာအနီးတွင် ရွာထဲဝင်ပြီး ဆက်ကြေးကောက်ရန်လာသော လူ သတ်အကြမ်းဖက် PDF ၁၀ ဦးကို တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ နယ်မြေခံလုံခြုံ ရေးအဖွဲ့ ကြိုတင်ကင်းပုန်းဝပ် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် PDF များ ကိုယ်လွတ်ရုန်းထွကိပြေးကြရကြောင်းသိရပါသည်။

     ထိုသို့ ကင်းပုန်းဝပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့်
အကြမ်းဖက် PDF ၄ ဦးကို AK 47 တစ်လက်၊ ၉ မမ ပစ္စတို ၂ လက်၊AK 47 ကျည်အိမ် တစ်ခု၊ ပစ္စတိုကျည်အိမ် ၂ ခု၊ 7.62 AK 47 ကျည် ၃၃ တောင့်၊ ၉ မမ ကျည် ၁၂ တောင့်၊ ၄၀ မမ ဗုံးသီး ၉ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။

      အလားတူ  ဇွန်လအတွင်းကလည်း မြင်းခြံမြို့နယ်၊ ယုန်ဒိုးကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးအဖွဲ့မှ သတင်းအရ ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့ရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပဲဲဖစ်ပွားခဲ့ရာ အကြမ်းဖက် PDF များ ၅ ဦးကို  သေနတ် ၄ လက်၊ခဲမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့သေးကြောင်း၊ မြင်းခြံ၊ တောင်သာ၊ ညောင်ဦး၊ နွားထိုးကြီး စသည့် မြို့နယ်များတွင် လူသတ်အကြမ်းဖက် PDF များက ဆပ်ကြေးကောက်ခံမှုများရှိလာသဖြင့် ဒေသခံပြည်သူများက ၎င်းတို့ကို မလိုလား၊ မထောက်ခံတော့ဘဲ နယ်မြေလုံခြုံရေးအဖွဲ့များသို့ သတင်းပေးပို့မှုများပြုလုပ်လာကြကြောင်း သိရပါသည်။

#PAN