ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့ကို အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်၊Drop Bomb များပစ်ချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦးသေဆုံး၊ ၁၅ နှစ်အရွယ်ကလေးအပါအဝင် နှစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိ

ဇူလိုင် ၂၅

         အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့ကို ပစ်မှတ်ထား တိုက်ခိုက်လျှက်ရှိရာ ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကော့ကရိတ်မြို့အနီး၊ ဆင်ကုန်းဖက်မှနေ၍ ခလရ(၉၇)တပ်ရင်းဌာနချုပ်ကိုလက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ တပ်အနီးပတ် ၀န်းကျင်တွင်ကျရောက် ပေါက်ကွဲခဲ့ပြီး  တပ်ရင်းဌာနချုပ်မှလည်း လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

   ထိုအပြင် ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကော့ကရိတ်မြို့၏အရှေ့ဘက် မြို့အနီး၊အမှတ် ၂ ရပ်ကွက်၊ မြို့တော်ဦးဘုန်းကြီးကျောင်းအနီး
ရှိသော ပြည်သူအများအပြား မြို့တော်ဦးဘုန်း ကြီးကျောင်းသို့တိမ်းရှောင်လာကြောင်း၊ လက်ရှိအချိန်သောင်းကျန်းသူသည် ဆင်ကုန်းနှင့် နန်းကော်တိုးရွာထိ ရောက်ရှိလာနေပြီဖြစ်ကြောင်း၊ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကော့ကရိတ်မြို့၏တောင်ဘက်ခြမ်း၊ အာရှလမ်း မကြီးဘေးရှိ တမိုင်ကုန်းရွာတွင်အကြမ်းဖက်သောင်းကျန်းသူအင်အားအများအပြားရောက်ရှိလာကြောင်းဒေသခံပြည်သူများမှ သတင်းပေးပို့လာပါသည်။

     အလားတူ မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင် ကျေးရွာသို့ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb တစ်လုံး ပစ်ချခဲ့ရာ မေတ္တာလင်းမြိုင်ကျေးရွာနေသူ ဒေါ်ကေသီခိုင်၊ ၄၅ နှစ်နှာ ဗုံးစထိမှန် သေဆုံးခဲ့ပြီး အသက်၁၅နှစ်ခန့် အရွယ် ကလေး(အမည်စုံစမ်းဆဲ)မှာ စိုးရိမ်ရ ဒဏ်ရာရရှိကာ မြဝတီပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါသည်။

     အလားတူ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင်
မေတ္တာလင်းမြိုင်ကျေးရွာ၊ ဘုရားကုန်းနေရာသို့ Drop Bomb တစ်လုံး ပစ်ချခဲ့ရာ စစ်သည်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မေတ္တာလင်းမြိုင်ကျေးရွာ​အောင်မြေကုန်းနေရာသို့  Drone ဖြင့် ဗုံးထက်မံပစ်ချခဲ့ရာ အမည်စိစစ်ဆဲ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိသဖြင့် ဘားအံပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း၊ ယနေ့ နံနက်ပိုင်းအတွင်း မေတ္တာလင်းမြိုင်ကျေးရွာ ကောင်း ကင်ယံတွင် Drone များ မကြာမကြာ ပျံဝဲနေပါကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN