လားရှိုးမြို့မှ မန္တလေးမြို့သို့ ထွက်ခွာသွားသော စီးပွားရေးလုပ် ငန်းရှင် ၃ ဦးနှင့် ယာဥ်မောင်းတို့ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ(စုံစမ်းဆဲ)က လမ်းခရီးတွင်ပြန်ပေးဆွဲ ဒေါ်လာ တစ်သိန်းခွဲတောင်း

ဇူလိုင် ၂၅

         ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ မန္တလေးမြို့သို့ ထွက်ခွာသွားသော စီးပွားရေးလုပ် ငန်းရှင် ၃ ဦးနှင့် ၄င်းတို့၏ယာဉ်မောင်းအပါအဝင် ၊ စုစုပေါင်း ၄ ဦးကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ(စုံစမ်းဆဲ)က လမ်းခရီးတွင် ပြန်ပေးဆွဲသွားကြောင်း သိရပါသည်။

    ပြန်ပေးဆွဲသည့် အကြမ်းဖက်သောင်းကျန်းသူများက စီးပွားရေးလုပ်ငန်းရှင်တို့၏မိသားစုများထံ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲပေးရန် တောင်းဆိုထားကြောင်း သိရပါသည်။

      ပြန်ပေးဆွဲခံရသူများမှာ လားရှိုးမြို့အခြေ စိုက် ဟိန္ဒူလုပ်ငန်းရှင် နှစ်ဦးဖြစ်သော ဦးကျော်ဝင်း၊ သွပ်ပြားစက်ရုံပိုင်ရှင်နှင့် ဦးမွတ္တား၊ ကုန်မာဆိုင်ပိုင်ရှင်၊ ရပ်ကွက်(၁၂)တွင်နေထိုင်သည့် တရုတ်စီးပွားရေးသမား ၁ ဦးနှင့် ၄င်းတို့စီးလာသောကားကို မောင်းနှင်ပေးသည့် ယာဉ်မောင်း ၁ ဦး တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။

    ပြန်ပေးဆွဲခံရသောနေရာကို အတိအကျမသိရသော်လည်း လားရှိုးမြို့မှ ထွက်ခွာပြီး ၁ နာရီအထိ ၄င်းတို့၏ မိသားစုများနှင့်ဖုန်းအဆက် အသွယ်ရရှိပြီး ၄င်းနောက်ပိုင်းတွင် အဆက် အသွယ်မရတော့ကြောင်း  ပြည်ထောင်စုလမ်းမကြီး၊ လားရှိုးနှင့် သီပေါအကြား၊ နောင်ကွဲရွာအနီးတွင်ဖြစ်မည်ဟု ခန့်မှန်းရကြောင်း သိရပါသည်။

#PAN