“ရုရှား – အာဖရိက ဆိုင်ရာ စပါး (ဂျုံ) နှင့် ဓာတ်မြေသြဇာ တင်ပို့မှုဆိုင်ရာ ကုန်သွယ်ရေး ဆွေးနွေးမှုများကို စိန့်ပီတာစဘတ် မြို့တွင် ကျင်းပသွားရန် စီစဥ်ထား”

ဇူလိုင် ၂၅

ရုရှား-အာဖရိက ဆိုင်ရာ ထိပ်သီးအစည်း အဝေးတွင် မော်စကို (ရုရှား) နိုင်ငံက အာဖရိကနိုင်ငံများ အတွင်း သို့ စပါး နှင့် မြေသြ ဇာတင်ပို့မှု ကုန်သွယ်ရေး အပေါ် အာရုံစိုက် နိုင်ရန် လာမည့် လာမည့် ဇူလိုင်လ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ရုရှားနိုင်ငံ စိန့်ပီတာစဘတ် မြို့တွင် ကျင်းပနိုင် ရန် စီစဉ်ထားကြပြီး ရုရှား-အာဖရိက ထိပ်သီး ဆွေးနွေးပွဲများအတွင်း စပါး (ဂျုံ) နှင့် ဓာတ်မြေသြဇာ တင်ပို့မှုဆိုင်ရာ ဆွေးနွေးမှုများကို အဓိကထား လုပ်ဆောင်သွား ကြမှာလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ သံအမတ်ကြီး Oleg Ozerov က အဆိုပါ အချက်အလက် တွေအား နိုင်ငံပိုင် သတင်းဌာနများက်ို ယနေ့ ဇူလ်ိုင် ၂၅ရက် အင်္ဂါနေ့က ထုတ်ဖော်ပြော ကြားခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း ရုရှား – အာဖရိက ဆိုင်ရာ ကိုယ်စားလှယ်တော်ကြီး များသည် စားနှပ်ရိတ်ခါ နှင့် ဓာတ်မြေသြ ဇာများအပြင် အမျိုးမျိုးသော ရုရှားထုတ်ကုန် များ တင်ပို့ရာတွင် လွယ်ကူချော မွေ့စေရေး အတွက် ထောက်ပံ့ပို့ ဆောင်ရေးကုန် သွယ်မှုလမ်းကြောင်းနှင့် ကုန်သွယ်ရေးတွင် အချက်အချာကျသည့်နေရာများ ထူထောင် ရေးဆိုင်ရာ ကိစ္စရပ် များကိုလည်း လေ့လာသွား ကြမှာလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။