ချောက်မြို့၊ ပြန်/ဆက်ရုံးထောင့်နှင့် ပြည်ခိုင်ဖြိုးရုံးအနီးတွင် အကြမ်း ဖက် PDF များက ဗုံးများထောင်ထားရာ လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖောက်ခွဲ၊ ဆိုင်ကယ်ပြင်ဆိုင်အတွင်းမှ ဗုံးတစ်လုံးထပ်မံတွေ့ရှိ ဖော်ထုတ်ရှင်းလင်း

ဇူလိုင် ၂၅

         ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးလမ်းထောင့်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များထောင် ထားသော ဗုံးတစ်လုံးတွေ့ရှိရ၍ နယ်မြေခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်သုံးချက်ပစ်ဖောက်ဖျက်စီးခဲ့ရာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးရုံးရှေ့ တမာပင်အနီး မြှုပ်ထားသော ဗုံးတစ်လုံး​ပါပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

       ထိုသို့ ပေါက်ကွဲမှုကြောင့် ၄င်းအနီး လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သား တစ်ဦး လည်ပင်းထိခိုက်ဒဏ်ရာ(မစိုးရိမ်)နှင့် ရဲစခန်းမှူး အနည်းငယ်ထိခိုက်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

       သတင်းအရ ဆက်လက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယနေ့ ညနေ ၃ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မြို့နယ်ပြည်ခိုင်ဖြိုးရုံးအနီးရှိ ဆိုင်ကယ်ပြင်ဆိုင်အတွင်းမှ ဗုံးတစ်လုံးထပ်မံတွေ့ရှိခဲ့ရာ ညနေ ၅ နာရီ ၄ မိနစ်အချိန်တွင် ဖော်ထုတ်ရှင်းလင်းဖျက်စီးခဲ့ကြောင်းသတင်းရရှိသည်။

#PAN