အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် KRF ပူးပေါင်းအဖွဲ့တို့ ဖောက်ခွဲဖျက်ဆီးခဲ့သော ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်ရှိ လေးဖာတောတံတားကိုပြန်လည်ပြုပြင်ပြီး ယနေ့ပြန်လည်ဖွင့်လှစ်

ဇူလိုင် ၂၅

     ဇူလိုင်လ ၆ ရက် ညနေ ၃ နာရီခွဲ အချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် အကြမ်း ဖက်ရဲပြေး အေးမင်းထွန်း ဦးဆောင်သည့် KRF အဖွဲ့တို့ ပူးပေါင်းကာ မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်ရှိ လေးဖာတောတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပြီးနောက် တံတားအားပြန်လည်ပြုပြင်ခဲ့ရာ ယနေ့ နေ့ နံနက်ပိုင်းမှစ၍ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်၏ ဘုရားဖူးတောင်တက်လမ်းကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါ တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ကြသော အကြမ်းဖက်ရဲပြေး အေးမင်းထွန်း ဦးဆောင်သည့် KRF အဖွဲ့ တရားခံများဖြစ်ကြသော ပြည့်စုံမောင်မောင်(ခ)ပြည့်စုံ၊ အာဏာပိုင်စိုး(ခ) အာကြီး၊ ဧပရယ်ဟိန်း(ခ)ဧပရယ်တို့ ၃ ဦးကို ဖောက်ခွဲဖျက်ဆီးခဲ့သည့်နေ့ ည ၇ နာရီကျော်အချိန်ခန့်ကပင် ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါသည်။

        ၎င်း အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် အကြမ်း ဖက်ရဲပြေး အေးမင်းထွန်း ဦးဆောင်သည့် KRF အဖွဲ့တို့ သည် မြန်မာနိုင်ငံအနှံအပြားမှ ပြည်သူများ အေးချမ်းစွာဘုရားဖူးလာရောက်နေခြင်းအပေါ် မရှုစိမ့်သောကြောင့် ယခုလို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးဖြစ်ကြောင်း သိရပါ သည်။

#PAN