“ရုရှားနိုင်ငံက BRICS အဖွဲ့ဝင် နိုင်ငံများ အတွက် အာကာသ ပတ်လမ်း စခန်းတစ်ခုတွင် မော်ကျူးတစ်ခု တည်ဆောက်သွားရန် စီစဥ်နေ”

ဇူလိုင် ၂၅

ရုရှားနိုင်ငံ၏ အာကာသအေဂျင်စီကြီးက BRICS မိတ်ဖက်နိုင်ငံ များဖြစ်သည့် (ဘရာဇီး၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက) တို့ပါဝင်သော အာကာသ ပတ်လမ်း စခန်း တစ်ခုတည်ဆောက်သွားရန် နှင့်မော်ဂျူး တစ်ခုတွင် ပူးပေါင်းဆောင် ရွက်မှုများ လုပ်ဆောင်နိုင်ရန် အကြံပြု ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

Russian Orbital Station (ROS) ၏ ပထမဆုံး module ကို လာမည့် ၂၀၂၇ ခုနှစ်တွင် စတင်တည်ဆောက်ရန် မျှော်လင့် ထားပြီး ၂၀၃၂ ခုနှစ်တွင် တည်ဆောက်မှုများ ပြီးစီးမှာလည်းဖြစ်ပါတယ်။

“”ROS ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေကို အာကာသ အစီအစဉ် များတွင် အကောင်အထည်ဖော်နိုင်ဖို့ ကမ္ဘာပတ်လမ်းရဲ့ ဖြစ်နိုင်ချေရှိတာတွေကို အသုံးပြုလို့ရမည့် module တစ်ခုကို ဖန်တီးဖို့ BRICS မိတ်ဖက်တွေကို ဖိတ်ခေါ်ချင်ပါတယ်” လို့ ရုရှားနိုင်ငံInterfaxအဖွဲ့မှ Roscosmos အာကာသအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Yuri Borisov က ပြီးခဲ့သည့် ဇူလိုင် ၂၄ရက်နေ့ကပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် တရားဝင်ထုတ်ပြန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ROS အာကာသစခန်း တွင် မော်ဂျူးပေါင်း ​၆ခုနှင့် ဝန်ဆောင်မှု ပလပ်ဖောင်းတစ်ခုတို့ ပါဝင်သွားမည်ဖြစ်ပြီး အာကာသယာဉ်မှူး ၄ဦးအထိ ထားရှိသွားမှာ လည်း ဖြစ်ပါတယ်။

အဆိုပါ အာကာသစခန်းကို အဆင့်နှစ်ဆင့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ၎င်းသည် ရုရှားနိုင်ငံ၏ ကျယ်ပြောလှသော နယ်မြေနှင့် စကြာဝဠာရောင်ခြည် သုတေသနများပြု လုပ်နိုင်ရန် အတွက် ကမ္ဘာ့ ဝင်ရိုးစွန်းများအတွင်း ပိုမိုကောင်းမွန်သော စူးစမ်းလေ့လာနိုင်စွမ်းကို ပံ့ပိုးပေးနိုင်ရန် ကမ္ဘာကို လှည့်ပတ် သွားမှာလည်းဖြစ်တယ်လို့ သတင်းဌာန များကဖော်ပြပြောဆိုထားကြပါတယ်။