အောင်မြေသာစံမြို့ နယ်အတွင်း ဆေးဆိုင်တစ်ဆိုင်ကို အကြမ်းဖက် PDF များက စုစုပေါင်း ငွေကျပ်သိန်း ၈၀၀ ကျပ်ခန့် ဓားပြတိုက်ယူဆောင်သွား

ဇူလိုင် ၂၅

     ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊ ၂၄-၂၅ လမ်းကြား၊ ၆၂ လမ်း၊ အိမ်အမှတ် (၂၁၂/A) ရှိ ဦးဂျီဝမ်း၊ ၅၃ နှစ်၊ (ဘ) ဦးဟာရီ၊ ဂျီဝမ်းဆေးဆိုင်ပိုင်ရှင်သည် ဆေးဆိုင်ပိတ်နေစဉ် Honda fit (အဖြူရောင်)၊ ယာဥ်အမှတ် စိစစ်ဆဲဖြင့် Mask များတပ်ဆင်ထားသော အကြမ်းဖက် PDF အမျိုးသား ၅ ဦးက ဆိုင်ရှေ့သို့ ရောက်ရှိလာကာ ဓားပြတိုက်ခဲ့ကြောင်း သိရပါသည်။

      ဖြစ်စဥ်မှာ အဆိုပါ အကြမ်းဖက် PDF အမျိုး သား ၅ ဦးက ကားပေါ်မှ ဆင်းကာ စိစစ်ဆဲ သေ နတ်အရှည် ၁ လက်၊ ပစ္စတိုသေနတ် ၁ လက်တို့ ကိုင်ဆောင်၍ ဆိုင်အတွင်းသို့ ဝင်လာခဲ့ကြောင်း၊ အကြမ်းဖက် ၅ ဦးအနက် အမျိုးသား ၁ ဦးမှာ တောစီး ပျောက်ကြားဖိနပ် စီးလာကာ ဆိုင်အတွင်းရှိဝန်ထမ်း အမျိုးသား ၂ ဦး၊ မိန်းကလေး ၂ ဦးတို့အား မှောက်ခိုင်းထားခဲ့ကြောင်း၊ ၎င်းတို့မှ
ဆိုင်အား စစ်ဆေးရန်အတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောကြားပြီး ဆိုင်ဝန်ထမ်းဖြစ်သူ ဦးကျော်စိန်ဦး၊ ၃၇ နှစ်၊ (ဘ) ဦးစံမြ၊ မဟာမြိုင်(၁) ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေထိုင်သူအား ရိုက်နှက်ထိုးကြိတ်ခဲ့ကြောင်း၊ အဆိုပါဆိုင်အတွင်းမှ ငွေကျပ်သိန်း ၃၀၀ ခန့်၊ ရွှေဘယက် ၅ မူးသား ၂ ကွင်း၊ လက်ကောက် ၅ မူးသား ၁၀ ကွင်း၊ ရွှေတုံး ၁ တုံး(၁ဝ ကျပ်သား)၊ နာကပ် ၆ ရံ၊ စုစုပေါင်း ငွေကျပ်သိန်း ၈၀၀ ကျပ်ခန့်အား ယူဆောင်ပြီး ဆိုင်အတွင်းရှိ CCTV နှင့် ဆက်စပ်ပစ္စည်းများအားယူဆောင်ကာ  ၆၂ လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်သွားကြောင်း သိရသည်။

      ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး တရားခံအား ဖမ်းဆီးရမိရေး နယ်မြေခံရဲစခန်းတွင် အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN