မူဆယ်မြို့နယ်တွင် ပြည်သူ့စစ်စခန်း လုံခြုံရေးတာဝန်လွဲပြောင်းနေစဥ် ပြည်သူ့စစ်အဖွဲ့နဲ့ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

ဇူလိုင် ၂၄

       ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင်  ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ စယ်လန့်ရွာအနီး၌ ပြည်သူ့စစ်စခန်း လုံခြုံရေးတာဝန်လွဲပြောင်းနေသော နမ့်ခမ်း(မြို့မ)ပြည်သူ့စစ်အဖွဲ့နဲ့ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်မှ လက်နက်ကြီးများ ပစ်ကူပေးခဲ့ကြောင်း သိရပါသည်။
      ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ်တွင် ပြည်သူ့ စစ် ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး TNLA အကြမ်းဖက်သောင်းကျန်းသူ  ၁ ဦးကို KIA ထုတ် ဗုံးပစ်သေနတ် ၁ လက်နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN