နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-တောင်သာသွားကားလမ်းမဘေးတွင် အမည်မသိအမျိုးသားတစ်ဦး သေနတ်ဒဏ်များဖြင့် သေဆုံးနေ

ဇူလိုင် ၂၄

       ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-တောင်သာသွားကားလမ်းမဘေး၊ လှည်းကူးမကျေးရွာအဝင်လမ်း ဆိုင်းဘုတ်တောင်ဘက် ၊ညောင်ပင်သာအုပ်စု၊ အုပ်ရှစ်ကျင်းကျေးရွာအနီးတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်များဖြင့် သေဆုံးနေကြောင်း သတင်းရရှိသဖြင့် နွားထိုးကြီးမြို့နယ် လုံခြုံရေးပူးပေါင်းအဖွဲ့က အခင်းဖြစ်ရပ်သို့ သွားရောက်ရှိစစ်ဆေးခဲ့ပါသည်။

     အခင်းဖြစ်ရပ်သို့ ရောက်ရှိစစ်ဆေးရာ အသက် ၄၅ နှစ်ခန့် ၊Samsung Mobile တံဆိပ်ပါ အပြာရောင်လက်ပြတ်အင်္ကျီနှင့် အစိမ်းရောင်ကွက်စိပ်ပုဆိုး ဝတ်ဆင်ထားပြီး ပုဆိုးအပိုင်းဖြင့် မျက်နှာအားစည်း နှောင်ထားရှိသော အမည်မသိအမျိုးသားတစ်ဦး ဝဲနားနောက် ဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ ယာနားအထက်ဖောက်ဝင် ဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်၊ အနီးဝန်းကျင်တွင် Thai Arms ကျည်ခွံ ၁ ခု၊ Lugar ကျည်ခွံ ၁ ခု တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါအမျိုသားရုပ်အလာင်းအား နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်ူ၊ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး အခင်းဖြစ်အနီးပတ်ဝန်းကျင် နေရာများကို လုံခြုံရေးပူးပေါင်းအဖွဲ့များက လိုက်လံစုံစမ်းနယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

#PAN

ဇူလိုင် ၂၄        ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-တောင်သာသွားကားလမ်းမဘေး၊ လှည်းကူးမကျေးရွာအဝင်လမ်း ဆိုင်းဘုတ်တောင်ဘက် ၊ညောင်ပင်သာအုပ်စု၊ အုပ်ရှစ်ကျင်းကျေးရွာအနီးတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်များဖြင့် သေဆုံးနေကြောင်း သတင်းရရှိသဖြင့် နွားထိုးကြီးမြို့နယ် လုံခြုံရေးပူးပေါင်းအဖွဲ့က အခင်းဖြစ်ရပ်သို့ သွားရောက်ရှိစစ်ဆေးခဲ့ပါသည်။      အခင်းဖြစ်ရပ်သို့ ရောက်ရှိစစ်ဆေးရာ အသက် ၄၅ နှစ်ခန့် ၊Samsung Mobile တံဆိပ်ပါ အပြာရောင်လက်ပြတ်အင်္ကျီနှင့် အစိမ်းရောင်ကွက်စိပ်ပုဆိုး ဝတ်ဆင်ထားပြီး ပုဆိုးအပိုင်းဖြင့် မျက်နှာအားစည်း နှောင်ထားရှိသော အမည်မသိအမျိုးသားတစ်ဦး ဝဲနားနောက် ဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ ယာနားအထက်ဖောက်ဝင် ဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်၊ အနီးဝန်းကျင်တွင် Thai Arms ကျည်ခွံ ၁ ခု၊ Lugar ကျည်ခွံ ၁ ခု တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါအမျိုသားရုပ်အလာင်းအား နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်ူ၊ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး အခင်းဖြစ်အနီးပတ်ဝန်းကျင် နေရာများကို လုံခြုံရေးပူးပေါင်းအဖွဲ့များက လိုက်လံစုံစမ်းနယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။