ကျောက်တံခါးမြို့ရှိအထင်ကရရွှေဘုန်းတိုးစေတီအား အကြမ်းဖက်သများမှဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်၊ တောင်ငူ – ပဲခူးဆက်သွယ်ထားသော လျှပ် စစ်တာဝါတိုင်အား ဖောက်ခွဲဖျက်ဆီး

ဇူလိုင် ၂၄

       ယမန်နေ့ ည သန်းခေါင်အချိန် ၁၂ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ စျေးပိုင်းရပ်ကွက် လယ်ကွင်းပြင်ရှိ ရွှေဘုန်းတိုးဘုန်းတော်ကြီးကျောင်းနှင့် လျှပ်စစ်တာဝါတိုင်အား အကြမ်း ဖက်သောင်းကျန်းသူ KNU နှင့် PDF များက အကြမ်းဖက်ဖောက်ခွဲခဲ့ရာ  လျှပ်စစ်ဆက်သွယ်ရေး တာဝါတိုင် 230KV Single Line ပေါ်ရှိ တောင်ငူ – သာယာကုန်း – ပဲခူးကမာနတ် သို့ဆက်သွယ်ထားသော တာဝါတိုင်ကြီး တစ်ခုပြိုကျပျက်ဆီးခဲ့ကြောင်း၊ အဆိုပါ တာဝါတိုင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိမြို့နယ်များတွင်လျှပ်စစ်ဓာတ်အားပြတ်တောက်လျှက်ရှိကြောင်း သိရပါသည်။

      အလားတူ အကြမ်း ဖက်သောင်းကျန်းသူ KNU နှင့် PDF များက ရွှေဘုန်းတိုးစေတီပေါ်သို့ ဒရုန်းဗုံးဖြင့်ပစ်ချခဲ့ရာ ဘုရားဘေးရှိ  နတ်စင်တစ်ခုပျက်ဆီးခဲ့ပြီး ဗုံးစများ စေတီတော်သို့ ထိမှန်ခဲ့ ကြောင်းသတင်းရရှိပါသည်။

      အကြမ်းဖက်သောင်းကျန်းသူ KNUနှင့် PDF များသည် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိမြို့နယ်များရှိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်ထောက်ခံသူများကို သတ်ဖြတ်ခြင်း၊ လူနေအိမ်များအားမီးရှို့ခြင်း၊ အများပြည်သူသွားလာအသုံးပြုနေသော လမ်းတံတားများ၊ တာဝါတိုင်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရဌာနဆိုင်ရာအဆောက်အအုံများကို ဖောက်ခွဲဖောက်ခွဲခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နေ့စဥ်လုပ်ဆောင်လျှက်ရှိကြောင်း သိရပါသည်။

#PAN

ဇူလိုင် ၂၄        ယမန်နေ့ ည သန်းခေါင်အချိန် ၁၂ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ စျေးပိုင်းရပ်ကွက် လယ်ကွင်းပြင်ရှိ ရွှေဘုန်းတိုးဘုန်းတော်ကြီးကျောင်းနှင့် လျှပ်စစ်တာဝါတိုင်အား အကြမ်း ဖက်သောင်းကျန်းသူ KNU နှင့် PDF များက အကြမ်းဖက်ဖောက်ခွဲခဲ့ရာ  လျှပ်စစ်ဆက်သွယ်ရေး တာဝါတိုင် 230KV Single Line ပေါ်ရှိ တောင်ငူ – သာယာကုန်း – ပဲခူးကမာနတ် သို့ဆက်သွယ်ထားသော တာဝါတိုင်ကြီး တစ်ခုပြိုကျပျက်ဆီးခဲ့ကြောင်း၊ အဆိုပါ တာဝါတိုင်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိမြို့နယ်များတွင်လျှပ်စစ်ဓာတ်အားပြတ်တောက်လျှက်ရှိကြောင်း သိရပါသည်။       အလားတူ အကြမ်း ဖက်သောင်းကျန်းသူ KNU နှင့် PDF များက ရွှေဘုန်းတိုးစေတီပေါ်သို့ ဒရုန်းဗုံးဖြင့်ပစ်ချခဲ့ရာ ဘုရားဘေးရှိ  နတ်စင်တစ်ခုပျက်ဆီးခဲ့ပြီး ဗုံးစများ စေတီတော်သို့ ထိမှန်ခဲ့ ကြောင်းသတင်းရရှိပါသည်။      အကြမ်းဖက်သောင်းကျန်းသူ KNUနှင့် PDF များသည် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းရှိမြို့နယ်များရှိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်ထောက်ခံသူများကို သတ်ဖြတ်ခြင်း၊ လူနေအိမ်များအားမီးရှို့ခြင်း၊ အများပြည်သူသွားလာအသုံးပြုနေသော လမ်းတံတားများ၊ တာဝါတိုင်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရဌာနဆိုင်ရာအဆောက်အအုံများကို ဖောက်ခွဲဖောက်ခွဲခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နေ့စဥ်လုပ်ဆောင်လျှက်ရှိကြောင်း သိရပါသည်။