မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သောင်း ကျန်းသူ PDF များက အငြိမ်းစားဝန်ထမ်းများပင်စင်ထုတ်လာသော မော်တော်ယာဥ်ထံမှ ဆက်ကြေးတောင်း၊ အပြစ်မဲ့သာမန်ပြည်သူ တစ်ဦးကို ဖမ်းဆီး​ခေါ်ဆောင်

ဇူလိုင် ၂၄

       ယနေ့ နံနက်  ၁၂ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ထီးလင်းမြို့၊ မြန်မာ့စီးပွာဘဏ်မှ  ၄ လစာအတွက် အငြိမ်းစားဝန်ထမ်းများပင်စင်ထုတ်လာသော မော်တော်ယာဥ်ကို ထီးလင်း၊ ဂန့်ဂေါလမ်း၊ထန်းပင်ကုန်းရွာအနီးတံတားတွင် အသင့်စောင့်နေသော အကြမ်းဖက်သောင်း ကျန်းသူ PDF ခေါင်းဆောင် ထန်းပင်ကုန်းရွာ သား ဗိုလ်ယောနိုင်(ခ) နိုင်နိုင်နှင့် ဝက်သက်ရွာသား၊ CDM မီးသတ်ဝန်ထမ်း ဇော်ဌေးတို့က တစ်ဦးလျှင် တစ်သိန်းမဖြစ်မနေခြိမ်းခြောက်တောင်းယူကြောင်းသိရပါသည်။

    ယမန်နေ့ည ၉နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ လိပ်ခြံကျေးရွာမှ သာမန်ပြည်သူတစ်ဦးဖြစ်သော ဦးကျောက်ခဲအား  အကြမ်းဖက်သောင်းကျန်းသူ PDF များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ကို မသိရသေးကြောင်း သတင်းရရှိပါသည်။

#PAN