“ဂရိကာကွယ်ရေးဝန်ကြီးဟောင်းက ဂရိနိုင်ငံ Rhodes ကျွန်းတွင် လောင်ကျွမ်းနေသော တောမီးများကို ငြိမ်းသတ်နိုင်ရန် နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက် ၎င်းတို့နိုင်ငံ အနေဖြင့်ရုရှားနိုင်ငံအား အကူအညီများပေးနိုင်ရန် တောင်းဆိုသင့်ကြောင်း ပြောကြားခဲ့”

ဇူလိုင် ၂၄

တောမီးများလောင်ကျွမ်းနေသော ဂရိနိုင်ငံအတွင်းရှိ Rhodes ကျွန်းတွင် တောမီးလောင်ကျွမ်းမှုများ ကို ငြိမ်းသတ် နိုင်စေရန် Be-200 အမျိုးအစား မီးငြိမ်းသတ် ခြင်းများ နှင့် ကုန်းရေနှစ်သွယ်သုံး ကယ်ဆယ် ရေး လေယာဉ်များအတွက် ရုရှားနိုင်ငံအား တောင်းဆိုသင့်ကြောင်း ဂရိနိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဟောင်း Panos Kammenos က ၎င်း၏ Twitter စာမျက်နှာပေါ် တွင် ရေးသားပြော ဆိုထားကြောင်း သတင်းဌာနများက ဇူလိုင် ၂၃ရက်နေ့က ဖော်ပြပြောဆိုထားကြပါတယ်။

အီတလီနိုင်ငံ၊ စပိန်နိုင်ငံ နှင့် ဂရိနိုင်ငံတို့ အပါအဝင် ဥရောပတောင်ပိုင်းရှိ နိုင်ငံအများ အပြားတွင် တောမီးလောင်ကျွမ်းမှု လွန်ကဲစွာ မြင့်တက်လာခဲ့ကြောင်းလည်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က ဂရိနိုင်ငံ Rhodes ကျွန်းတွင် အပူရှိန်ပျင်းထန်မှုကြောင့် တောမီးများအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး အဆိုပါ ကျွန်းပေါ်ရှိ ဟိုတယ် နှင့် ခရီးသွား လုပ်ငန် အားလုံးကိုရပ်နားထားရပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားခဲ့ရကြောင်းလည်း သတင်းဌာန များက ထပ်လောင်း ပြောကြား ထားပါတယ်။