“တောင်အာဖရိကနိုင်ငံအတွင်း ကျင်းပပြုလုပ်မိ BRICSအဖွဲ့အစည်းကြီး၏ ထိပ်သီးခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေး ပွဲများတွင် ကမ္ဘာ့ နိုင်ငံပေါင်း ၇၀ ကိုဖိတ်ကြားထားပြီး ပြင်သစ်၊အမေရိကန် နှင့် UK နိုင်ငံတို့မှခေါင်း ဆောင်များကိုတော့ ဖိတ်ကြားထားခြင်း များမရှိခဲ့”

ဇူလိုင် ၂၄

မကြာမှီအချိန်အတွင်း ကျင်းပပြုလုပ်တော့မည့် BRICS အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပွဲကြီးတွင် (ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံ) ပါဝင်နိုင်ရန် ကြိုးပမ်းနေသော ပြင်သစ်သမ္မတ Emmanuel Macron အား ဖိတ်ကြားခံ ထားခြင်းမရရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံ ပြည်တွင်း သတင်း News 24 သတင်းဌာနက ပြီးခဲ့သည့် ဇူလိုင် ၂၃ရက်နေ့ကဖော် ပြပြော ဆိုခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးပွဲကြီးအတွက် BRICS အဖွဲ့အစည်းကြီး၏ဥက္ကဋ္ဌ ဖြစ်သူ တောင်အာဖရိကသမ္မတ Cyril Ramaphosa က BRICS ထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ နိုင်ငံ မှခေါင်းဆောင်များထံ ဖိတ်ကြား စာပေးပို့ခဲ့သော်လည်း ပြင်သစ်သမ္မတ Macron အပါအဝင် အမေရိကန်နိုင်ငံနှင့် United Kingdomနိုင်ငံတို့ မှ ခေါင်းဆောင်များ ကိုတော့ဖိတ်ကြားထား ခြင်းမရှိခဲ့ပါဘူး။

လာမည့်သြဂုတ်လတွင် တောင်အာဖရိကနိုင်ငံ Johannesburg မြို့၌ BRICS အဖွဲ့ အစည်းကြီး၏ထိပ်သီးအစည်းအဝေးကြီးသည်Global Southရှိ နိုင်ငံများ နှင့် အစိုးရများအကြား အကြီးမားဆုံးသော အစည်းအဝေးကြီးလည်းဖြစ်လာမှာဖြစ်ပါတယ်။

ထို့နောက် ဖိတ်ကြားခံရသူများတွင် အာဖရိက နိုင်ငံပေါင်း ၅၄ နိုင်ငံမှ ခေါင်းဆောင်များ လည်းပါဝင်နေပြီး ရုရှားနိုင်ငံ၏ သမ္မတ ဗလာဒီမာပူတင်က BRICS အဖွဲ့ဝင်နိုင်ငံများ ခေါင်းဆောင်များ၏ အစည်းအဝေးအားလုံးတွင် အွန်လိုင်းကနေတစ်ဆင့် ပါဝင်သွား မည်ဖြစ်ကြောင်းလည်း သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။