“အိန္ဒိယနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ကာ ပြင်းထန်သော ရေလွှမ်းမိုးမှုများ ရင်ဆိုင်နေရ”

ဇူလိုင် ၂၃

အိန္ဒိယနိုင်ငံအတွင်းရှိ ဒေသအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားနေပြီး ပြင်းထန်သော ရေလွှမ်းမိုးမှုများဖြစ်ပေါ်ကာ သဘာဝဘေးဆိုင်ရာ အရေးပေါ်အကျပ် အတည်းများဖြင့်ရင်ဆိုင်နေရပြီး အိန္ဒိယနိုင်ငံ ယမုံနာမြစ်ရေသည် စိုးရိမ်ရေမှတ်အမှတ် ၂၀၅ ဒသမ ၈၁ မီတာသို့ ရောက်ရှိနေပြီး ယနေ့ ဇူလိုင် ၂၃ရက် တနင်္ဂနွေနေ့နံနက်က မှတ်တမ်းတင် ထားသည့်အတိုင်း စိုးရိမ်ရေမှတ်အမှတ် ၂၀၅ ဒသမ ၃၃ မီတာထက် ကျော်လွန်နေ ပြီလည်း ဖြစ်ပါတယ်။

အဆိုပါ စိုးရိမ်ဖွယ်မြစ် ရေအမှတ် အခြေအနေသည် မြစ်အနီးတွင်ရှိကြသည့် ဒေသများကို မြင့်မား သောသတိပေး ချက်များဖြစ်စေခဲ့ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသရှိ Noidaမြို့တွင် Hindon မြစ်ရေမြင့် တက်မှုကြောင့် မြေနိမ့်ပိုင်းဒေသများရှိ အိမ်အများ အပြား ရေနစ်မြုပ်ခဲ့ကြရ ပြီလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့ နှင့် ကူညီကယ်ဆယ် ရေးအဖွဲ့များက အဆိုပါ သဘာဝဘေး အကျပ်အတည်းများကို လျင်မြန်စွာ တုံ့ပြန်မှုများပြုလုပ်နေကြပြီး မြစ်အနီးရှိ ဒေသခံများ၏ လုံခြုံရေးကို သေချာစေရန် သတိပေးချက်များလည်း ထုတ်ပြန်ထား ကြပြီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ Himachal Pradesh၊ Uttarakhand နှင့် Ladakh ဒေသများများတွင် လျှပ်တပြက် ရေကြီးရေလျှံ ရေလွှမ်းမိုးမှုများ တွေ့ကြုံခဲ့ကြရပြီး အဆိုပါ ဒေသများရှိ ဒေသခံများကို ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။