အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူး ပေါင်းအဖွဲ့တို့ မိုင်းခွဲဖျက်ဆီးခဲ့သည့် ဘားအံမြို့၊ ဘုရင့်ညီဂူအနီးရှိ တံတားအမှတ်(၁/၁၃)အားပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် ပုံမှန်ပြန်လည်ဖြတ်သန်းခွင့်ပြု

ဇူလိုင် ၂၃

     ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံ – သထုံသွားကားလမ်းပေါ်ရှိ ဘုရင့်ညီဂူအနီးရှိ ဇူလိုင်လ ၁၀ ရက်နေ့က အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ (၁)၊ ရင်း(၁)မှ ခေါင်းဆောင် (စိစစ်ဆဲ)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့က မိုင်းခွဲဖျက်ဆီးခဲ့သည့် တံတားအမှတ်(၁/၁၃)အား ဘားအံခရိုင်လမ်းဦးစီးဌာနမှ ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

      တံတားအမှတ်(၁/၁၃)၏ ပျက်စီးသွားသည့် အောက်ခြေတိုင်များ၊ တံတားလက်ရမ်းများ၊ အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့သည့် တံတားကြမ်းခင်းများအား ပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် ယနေ့ ဇူလိုင် ၂၃ ရက်မှ စတင်ကာ ဖြတ်သန်းသွားလာမည့် ကားများအား ယခင်အတိုင်းပုံမှန်ပြန်လည်ဖြတ်သန်းခွင့်ပြုနေကြောင်း သတင်းရရှိသည်။

#PAN