ဧရာဝတီမြစ်ကြောင်းအတိုင်စုန်ဆင်းလာသော တပ်မတော်စစ်ကြောင်းပါသော မော်တော် ၄ စီးကို အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDFများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ဇူလိုင် ၂၃

     ယနေ့  နံနက် ၈ နာရီ ၁၂ မိနစ်အချိန်ခန့်တွင်ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့သို့ ဗန်းမော်မြို့ဘက်မှ တပ်မတော်စစ်ကြောင်းက စက် လှေမော်တော် ၄ စီးဖြင့်  ဧရာဝတီမြစ်ကြောင်းအတိုင်စုန်ဆင်းလာရာ ရွှေကူမြို့အရှေ့ဘက် အရောက်တွင် မြစ်တစ်ဖက်ကမ်း၊ ဆင်တပ်ကျေးရွာ ဗုဒ္ဓမာ‌ကျွန်းဘက်မှ အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်စစ်ကြောင်းဘက်မှ ထိခိုက်မှုမရှိကြောင်း သိရပါသည်။

     ထိုသို့ လာရောက်တိုက်ခိုက်သော အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF များကို ရွှေကူရဲ စခန်းနှင့် တပ်မတော် စစ်ကြောင်းက လက်နက် ကြီး/ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊
အဆိုပါ ဆင်တပ်ကျေးရွာ၊ဗုဒ္ဓမာကျွန်းနေရာသည် အကြမ်းဖက်သောင်းကျန်းသူများက ရွှေကူရဲ စခန်းကို ဒရုန်းဖြင့် အကြိမ်ကြိမ်လာရောက်တိုက်ခိုက်သော နေရာဖြစ်ပါသည်။

      ရွှေကူမြို့နယ်လုံခြုံရေးအတွက် ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းတို့တွင် စစ် ကြောင်းထိုး နယ်မြေရှင်းလင်းနေခြင်းဖြစ် ကြောင်း သိရပါသည်။

#PAN