မြန်အောင်သစ်တောကြိုးဝိုင်းအတွင်း အကြမ်း ဖက်သောင်းကျန်းသူ PDF များ ခိုအောင်းနေကြောင်းဒေသခံပြည်သူများ၏ သတင်းပေးချက်အရ နယ်​မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွား ရောက်ရှင်းလင်းရာ ဖောက်ခွဲရေးပစ္စည်းများ သိမ်း ဆည်းရမိ

ဇူလိုင် ၂၃

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ကြံခင်းမြို့ရဲ့မြောက်ဘက် မြန်အောင်သစ်တောကြိုးဝိုင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူ PDF များ ခိုအောင်းနေကြောင်း
ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များကို မတွေ့ရတော့ဘဲ ဖောက်ခွဲရေးပစ္စည်းများ သိမ်း ဆည်းရမိခဲ့ကြောင်း သိရပါသည်။

      ထိုသို့ နယ်မြေရှင်းလင်းရာမှ လက်လုပ်ရှေ့ထွက်မိုင်း ၄လုံး၊ သံကိုယ်ထည်လက်လုပ်လက်ပစ်ဗုံး ၈လုံး၊ သံကိုယ်ထည်လက် လုပ်မီးရှို့လက်ပစ်ဗုံး ၄၇လုံး၊ လက်လုပ်ရှော့တိုက်မိုင်း(သေး) ၁လုံး၊လက်လုပ်ရှော့တိုက်မိုင်း(လတ်) ၁ လုံး၊ လက်လုပ်ရှော့တိုက်မိုင်း(ကြီး) ၃လုံး၊ ကော်ပိုက်လက်လုပ်မီးရှို့လက်ပစ်ဗုံး ၆လုံး၊ ယမ်းပျော့ ၅ ထုပ်၊ ယိုးဒယားယမ်းမှုန့် ၂ထုပ်၊ ယမ်းစိမ်းမှုန့် ၃ ထုပ် တိုကို သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

      နယ်မြေဒေသတည်ငြိမ်အေးချမ်းလိုသော ဒေသခံပြည်သူများသည်  အကြမ်းဖက်သောင်း ကျန်းသူ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့သဖြင့် ၎င်းတို့၏ သတင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများသို့ ပေးပို့လျှက်ရှိကြောင်း သိရပါသည်။

#PAN