တောင်ငူမြို့နယ်အတွင်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျပြီး မိသားစုဝင် ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ဇူလိုင် ၂၃

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံတရာကျေးရွာတွင် ယနေ့ နံနက် ၁နာရီခွဲအချိန်ခန့်က မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မန်ကျည်းပင်အမြစ်မှ လဲကျ၍ ဦးအောင်စိုးမိုး၊ ၃၃နှစ်၏ နေအိမ်ပေါ်သို့ပိကျခဲ့ကြောင်း သိရသည်။

     ထိုသို့ နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုကြောင့်
ဦးအောင်စိုးမိုးနှင့် သားဖြစ်သူ မောင်အောင်ရဲလင်း၊ ၁၁ နှစ်တို့ နှစ်ဦးမှာ သေဆုံးခဲ့ပြီး၊၎င်း၏ ဇနီးဖြစ်သူ မမာပို၊ ၃၃ နှစ်နှင့် သမီးဖြစ်သူ မဇွန်ပွင့်ဖြူ၊  ၃ နှစ်တို့ နှစ်ဦးမှာ သစ်ကိုင်းရိုက်မိ ဒဏ်ရာများရရှိခဲ့၍ တောင်ငူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN