သံဖြူဇရပ်-ရေးမြို့နယ်ကြား လမ်းပိုင်း၌ ဆက် ကြေးကောက်ဓါးပြတိုက်နေသည့် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့​အခြေပြုနေရာကို နယ်​မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်း

ဇူလိုင် ၂၃

     ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးမြို့နယ်ကြား လမ်းပိုင်း၌ ဆက်ကြေးကောက်ဓါးပြတိုက်နေသည့် အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့​တို့ အခြေ ပြုနေရာအား တာဝန်သိပြည်သူတစ်ဦး၏သတင်း ပေးပို့လာမှုအရ နယ်​မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ ထွက်ပြေးသွားကြကြောင်း သိရပါသည်။

     ထိုသို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကြမ်း ဖက်သောင်းကျန်းသူ KNU /PDF ၂ ဦးကို ပစ္စတို ၁ လက်၊ AK 47 ၂ လက်၊ ကျည်အိမ် ၆ ခု၊ RPG ဒုံးသီး ၄ လုံး၊ RPG ပို့ကျည် ၄ တောင့်၊ကျည်မျိုးစုံတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါ သည်။

     အဆိုပါ အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့​တို့သည် မော်လမြိုင် – သံဖြူဇရပ် – ရေးမြို့ – ထားဝယ် လမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများ၏ မော်တော်ယာဥ်များကို ရပ်တန့်စစ်ဆေးပြီး  တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းများပါလာပါက ဖမ်းဆီးသတ် ဖြတ်ခြင်း၊ မောတော်ယာဥ်များကို ဆက်ကြေးကောက်ခံခြင်းများ မကြာခဏပြုလုပ်နေကြကြောင်း သိရပါသည်။

#PAN