ဒက္ခိဏသီရိမြို့နယ်တွင် လင်မယားနှစ်ဦး အရက်အတူတူသောက်ပြီး အချင်းချင်းစကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူ၏ခေါင်းကို အိမ်တိုင်နှင့် ရိုက်နှက်ရာ ဇနီးဖြစ်သူ သေဆုံး

  ဇူလိုင် ၂၃ 

    နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ရွှေခဲအင်း ကျေးရွာ အုပ်စု၊ ကျောက်ခဲအင်းကျေးရွာနေသူ နှစ်ဦးဖြစ်ကြသည့် စန်းဦး၊ ၄၉ နှစ်၊(ဘ)ဦးတင်အောင်နှင့် ၎င်း၏ဇနီး ဒေါ်အူဝဲ၊ ၄၅ နှစ်၊(ဘ) ဦးဖိုးဆယ် တို့ လင်မယား နှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ် မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

      ဖြစ်စဥ်မှာ ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် ခင်ပွန်းဖြစ်သူ စန်းဦးနှင့် ဇနီးဖြစ်သူ ဒေါ်အူဝဲ နိုသည် နေအိမ်၌ လင်မယားနှစ်ဦး အရက်အတူတူ သောက် စားခဲ့ကြပြီး အချင်းချင်းစကားများရန် ဖြစ်ရာ ဦးစန်းဦးမှ ဒေါ်အူဝဲအား နေအိမ်အတွင်းရှိ လုံးပတ် ၄ လက်မ ပတ်လည်ခန့်ရှိ သစ်သားအိမ်တိုင်နှင့် ဒေါ်အူဝဲ၏ ဦးခေါင်းအား ကိုင်ဆောင့်ရိုက်နှက်ခဲ့ကြောင်း၊ ထိုသို့ တိုင်နှင့်ရိုက်နှက်မှုကြောင့် ဒေါ်အူဝဲ၏ ဦးခေါင်းယာဘက်ခြမ်းပေါက်ပြဲဒဏ်ရာ၊ မျက်နှာညိုမဲဖူးယောင်ဒဏ်ရာ တို့ဖြင့် နေအိမ်ကြမ်းပြင်၌ လဲကျသေဆုံးခဲ့ကြောင်း သိရပါသည်။

      ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် တရားခံ ဦးစန်းဦးအပေါ် ဒက္ခိဏသီရိမြို့မ ရဲစခန်းမှ (ပ)သတင်းချက်အမှတ် ၃၁/ ၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

#PAN