ဘီးလင်းမြို့နယ်​တွင် စိစစ်​ဆဲအမျိုးသား တစ်​ဦးက ရွှေဆိုင်​တစ်​ဆိုင်​မှ ရွှေလက်​ကောက်​ ၃ ကျပ်​သားတစ်​ကွင်း လုယူထွက်​ပြေး

ဇူလိုင် ၂၃

      မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့နယ်​၊​တောင်​စွန်း​ကျေးရွာအုပ်​စု၊ ဘုရင်​နောင်​ရပ်​ကွက်​ရှိ​ ရွှေဆိုင်​တစ်​ဆိုင်​အား ယနေ့ နံနက်​ ၁၀ နာရီ ၄၅ မိနစ်အချိန်​ခန့်က​ ရွှေထည်​ပစ္စည်းများလုယက်​မှုတစ်​ခုဖြစ်​ခဲ့​ကြောင်းသိရသည်​။

   အဆိုပါလုယက်​မှုတွင်​ ဘုရင်​နောင်​ရပ်​ကွက်​ရှိ ဦးစီနိူင်​(ခ)ဦးတင်​ကိုကိုဦး နှင့် ဒေါ်နီမာ တို့ပိုင်​ဆိုင်​သော​တောင်​စွန်း – ဘီးလင်း ကားလမ်းမ​ဘေးရှိ မနီမာ (​ရွှေဆိုင်​)ကို အမျိုးသား(စိစစ်​ဆဲ) တစ်​ဦးသည်​ ဆိုင်ကယ်​တစ်​စီးဖြင့်​ ရောက်​ရှိကလာပြီး​ ရွှေဝယ်​သလိုလိုဖြင့်​ရောက်​ရှိလာပြီး​ ရွှေထည်​ပစ္စည်းများပြခိုင်​ရာ ရွှေဆိုင်​ပိုင်​ရှင်​မှာ ရွှေထည်​ပစ္စည်းများပြသ​နေစဉ်​ အဆိုပါအမျိုးသားသည်​ ရွှေလက်​ကောက်​ ၃ ကျပ်​သားတစ်​ကွင်းအား လုယူထွက်​ပြေးသွား​ကြောင်းသတင်းရရှိသည်​။

#PAN