လောင်းလုံးမြို့နယ်ရှိ စိုက်ပျိုး​ရေးသိပ္ပံ​ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ဆရာမများနှင့် ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့ က ဖမ်းဆီးခေါ်ဆောင် သွား

ဇူလိုင် ၂၂

     တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်​၊လောင်းလုံးမြို့နယ်၊ ​လောင်းလုံးမြို့အ​နောက်​မြောက်ဖက် ၁၅ မိုင်ခန့်အကွာ ​မောင်းမကန်​ကျေးရွာအ​ရှေ့ဘက် ၆ မိုင်အကွာရှိ စိုက်ပျိုး​ရေးသိပ္ပံ​ကျောင်းကို လူသတ်အကြမ်းဖက် PDF အဖွဲ့ အင်အား ၁၀ ဦးခန့်သည်​ မော်​တော်ယာဥ်ဖြင့် ဖွားဘုတ်ပြင်​ကျေးရွာဘက်မှ​ ရောက်ရှိလာပြီး စိုက် ပျိုး​ရေးသိပ္ပံ​ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး​ဒေါ်မြင့်မြင့်ခိုင်၊ ၅၂ နှစ်၊(ဘ) ဦးသန်းညွန့် အပါ အဝင် ဆရာမ ၇ ဦးကို ဖမ်းဆီး​ခေါ်​ဆောင်သွား​ကြောင်းသိရပါသည်။

       ဖြစ်စဥ်မှာ ဇူလှိုင်လ ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အဆိုပါအကြမ်ဖက် PDF များ သည်​ ကျောင်းအုပ်ဆရာကြီး​ ဒေါ်မြင့်မြင့်ခိုင်နှင့်အတူ ဦးခင်​မောင်​ထွေး၊ ၅၀နှစ်၊(ဘ)ဦးစံရင်၊ ဒု​ကျောင်းအုပ်ကြီး၊  ​ဒေါ်သန္တာ​အေး(အသက်အဘအမည်စုံစမ်းဆဲ)၊  ဦးနိုင်ဝင်း၊ ၄၆ နှစ်၊(ဘ) ဦးမြင့်​​ဆွေ၊ ဦး​နေဆန်၊(ဘ)ဦးစန်း​ဖေ၊  ဒေါ်​နော်ဖြူဖြူသန်း(အသက်ဘအမည်စုံစမ်းဆဲ)၊ ​မောင်​အောင်ဖုန်းခန့်၊ ၁၁ နှစ်၊ (ဘ)ဦးနိုင်ဝင်း (အမိ ​)ဒေါ်မြင့်မြင့်ခိုင် ​ကျောင်းအုပ်ကြီး၏သား ၅ တန်း၊ ၎င်းစိုက် ပျိုး​ရေးသိပ္ပံ​ကျောင်းဝန်းအတွင်း​နေထိုင်သူ ၇ ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က ရိုက်နှက်၍ဖမ်းဆီး​ခေါ်​ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        ၎င်းအပြင် ဇူလှိုင်လ ၂၁ ရက်​​နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက အဆိုပါကျောင်းသို့ ထပ်မံရောက်ရှိလာပြီး ကျောင်းမှာကျန်ရှိသော ဆရာ၊ဆရာမများကို ကျောင်းပိတ်ရန်နှင့် ဆရာ ဆရာမများအားလုံး ထွက်စာတင်ရန်​ပြောကြားခဲ့ပြီး ဖွားဘုတ်ပြင်​​ကျေးရွာ ဘက်မှတစ်ဆင့် မြို့​ဟောင်း​ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွား​ကြောင်းသိရသည်။

        ၎င်း စိုက်ပျိုး​ရေးသပ္ပံ​ကျောင်းတွင်​ ကျောင်း ဆရာ၊ ဆရာမ  ၃၆ ဦး၊  ​ကျောင်းသူ၊ကျောင်း သား  ၆၀ ဦးရှိ​ကြောင်းနှင့် လက်ရှိအချိန်တွင် ဆရာ ၁ဦး၊ ဆရာမ ၂ ဦး၊ ရုံးအကူ ၁ ဦးနှင့် ​ကျောင်းသူ ​၊ကျောင်းသား ၁၉ ဦးတို့သာလျှင် ကျန်ရှိပြီး ကျောင်းအတွင်း မနေရဲ့တော့သဖြင့် တိုင်းဒေသကြီးစိုက်ပျိုး​ရေးရုံးသို့ သွားရောက် သတင်းပို့​ကြောင်း သတင်းရရှိပါသည်။

#PAN