ကျောက်ကြီးမြိုနယ်အတွင်း ကျောက်ကြီး – နတ်သံကွင်းလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်း သူ PDF များက စျေးရောင်းသွားသူများနှင့် ခရီး သွားကျောင်းသား၊ကျောင်းသူများထံမှ ဆိုင်ကယ်၊လက်ကိုင်ဖုန်း၊ငွေများကို အကြမ်းဖက်လုယူ

ဇူလိုင် ၂၂

     ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြိုနယ်တွင် ယနေ့ နံနက် ၈ နာရီမှ ၉ နာရီအချိန်အကြားတွင် ကျောက်ကြီး – နတ်သံ ကွင်းလမ်း၊ညောင်ကုန်းကျေးရွာနားတွင် အကြမ်း ဖက်သောင်းကျန်းသူ PDF များက ကျောက်ကြီး မှ နတ်သံကွင်သို့ စျေးရောင်းသွားသူများနှင့် ခရီး သွားကျောင်းသား၊ကျောင်းသူများကို ဖမ်းဆီးထားပြီး  ဆိုင်ကယ်၊ လက်ကိုင်ဖုန်း၊မှတ်ပုံတင်နှင့် ပိုက်ဆံများယူဆောင်သွားကြောင်း သိရပါသည်။

        အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF များက မပွင့်ဖြူဦး(ဘ)ဦးစိုးနိုင်၊သိန်တန်းရပ် ကွက်နေသူထံမှ Dayang 110 ဆိုင်ကယ် တစ်စီးနှင့် ဖုန်းတစ်လုံး၊ မနန်း (ဘ) ဦးသောင်းလှိုင်၊ သိန်တန်းရပ်ကွက်နေသူထံမှ L.J 110 ဆိုင်ကယ်တစ်စီး၊ မဆည်းဆာဝင်း (ဘ) ဦးကျော်ဝင်းစိန်၊ သိန်တန်းရပ်ကွက်နေသူထံမှ D.M 125 ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်းဖုန်း တစ်လုံး၊  ကိုသက်နိုင်ဦး (ဘ) ဦးနိုင်ဦး ထံမှ Wave 100 ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ မှတ်ပုံတင်နှင့် ငွေ သုံးသိန်းကျပ် ၊ ဝင်းကိုကိုဖြိုး(ဘ)ဦးကျော်မင်းထွန်း၊ ပဲခူးရပ် ကွက်နေသူထံမှ Dayang 110 ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံး၊ စိုင်းမွန်ဇော်(ဘ)ဦးလှဖုန်း၊ပဲခူးရပ်ကွက်နေသူထံမှ မှတ်ပုံတင်နှင့်လက်ကိုင်းဖုန်း တစ်လုံး၊ သက်မင်းထွန်း(ဘ)ဦးထွန်းမောင်၊ပဲခူးရပ်ကွက်နေသူထံမှ  Wave 125 ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံး၊ ဝင်းနိုင်ထွန်း (ခ)အညာသား၊ ငါးရိုး 125 ဆိုင်ကယ်တို့ကို အကြမ်း ဖက်ယူဆောင်သွားကြပြီး ဖမ်းဆီးထားသူများအား ပြန်လွှတ် ပေးလိုက်ကြောင်းနှင့် ၄င်းအကြမ်းဖက်သောင်းကျန်းသူ PDF များသည် ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာဖက်သို့ တပ်မတော်စစ်ကြောင်းများမရောက်မီ  ပစ္စည်းများလုယက်ထွက်ပြေးသွားကြကြောင်းသတင်းရရှိပါသည်။

#PAN