ပဲခူးမြို့ပေါ်တွင် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတစ်ဦး၏ နေအိမ်ကို အကြမ်းဖက် PDF တစ်ဦးက လက်လုပ်မိုင်းပစ်ခတ်ပြီး ဆိုင်ကယ်ဖြင့်ထွက်ပြေး

ဇူလိုင် ၂၂

     ယနေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊မှော်ကန်၊(၂၁)လမ်း၊ပုဏ္ဏားစုရပ်ကွက်နေ ဦးကျော်လင်း၊ ၃၅ နှစ်၊ (ဘ)ဦးတင်မြင့်၏နေအိမ်ရှေ့သို့ စိစစ်ဆဲ လူသတ်အကြမ်းဖက် PDF တစ်ဦးက ဆိုင်ကယ်စီး၍ ရောက်ရှိလာပြီး လက်လုပ်မိုင်း တစ်လုံးဖြင့် ပစ်ပေါက်ခဲ့ရာ အိမ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

       ထိုသို့ ပေါက်ကွဲမှုကြောင့် ဦးကျော်လင်း၏ တူမဖြစ်သူ မဖြူဖွေ ၊ ၇ နှစ်၊(ဘ)ဦးဇော်မင်းအောင်၏ ယာဘက်လက်အနည်းငယ်ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး တရားခံဖမ်းဆီးရမိနိုင်ရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေလျှက်ရှိကြောင်းသတင်းရရှိပါသည်။

      ဗုံးအပစ်သွင်းခံရသူ ဦးကျော်လင်းမှာ ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတစ်ဦးဖြစ်ပြီး PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ဝါဒဖြစ်သည့် ”ငါနဲ့မတူ ငါ့ရန်သူ” ဆိုသည့်အတိုင်း ပြည်ခိုင်းဖြိုးပါတီဝင်များနှင့် ထောက်ခံသူများကို အကြမ်းဖက်သတ်ဖြတ်နေခြင်းဖြစ် ကြောင်း သိရပါသည်။

#PAN