ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့အနောက်မြောက်ဖက် ၁၅ မိုင်ခန့်အကွာ မောင်းမကန်ကျေးရွာအရှေ့ဘက် ၆ မိုင်အကွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းကို လူသတ်အကြမ်းဖက် PDF အဖွဲ့ အင်အား ၁၀ ဦးခန့်သည် မော်တော်ယာဥ်ဖြင့် ဖွားဘုတ်ပြင်ကျေးရွာဘက်မှ ရောက်ရှိလာပြီး စိုက် ပျိုးရေးသိပ္ပံကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်ခိုင်၊ ၅၂ နှစ်၊(ဘ) ဦးသန်းညွန့် အပါ အဝင် ဆရာမ ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်။
ဖြစ်စဥ်မှာ ဇူလှိုင်လ ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အဆိုပါအကြမ်ဖက် PDF များ သည် ကျောင်းအုပ်ဆရာကြီး ဒေါ်မြင့်မြင့်ခိုင်နှင့်အတူ ဦးခင်မောင်ထွေး၊ ၅၀နှစ်၊(ဘ)ဦးစံရင်၊ ဒုကျောင်းအုပ်ကြီး၊ ဒေါ်သန္တာအေး(အသက်အဘအမည်စုံစမ်းဆဲ)၊ ဦးနိုင်ဝင်း၊ ၄၆ နှစ်၊(ဘ) ဦးမြင့်ဆွေ၊ ဦးနေဆန်၊(ဘ)ဦးစန်းဖေ၊ ဒေါ်နော်ဖြူဖြူသန်း(အသက်ဘအမည်စုံစမ်းဆဲ)၊ မောင်အောင်ဖုန်းခန့်၊ ၁၁ နှစ်၊ (ဘ)ဦးနိုင်ဝင်း (အမိ )ဒေါ်မြင့်မြင့်ခိုင် ကျောင်းအုပ်ကြီး၏သား ၅ တန်း၊ ၎င်းစိုက် ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်းနေထိုင်သူ ၇ ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က ရိုက်နှက်၍ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ဇူလှိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက အဆိုပါကျောင်းသို့ ထပ်မံရောက်ရှိလာပြီး ကျောင်းမှာကျန်ရှိသော ဆရာ၊ဆရာမများကို ကျောင်းပိတ်ရန်နှင့် ဆရာ ဆရာမများအားလုံး ထွက်စာတင်ရန်ပြောကြားခဲ့ပြီး ဖွားဘုတ်ပြင်ကျေးရွာ ဘက်မှတစ်ဆင့် မြို့ဟောင်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
၎င်း စိုက်ပျိုးရေးသပ္ပံကျောင်းတွင် ကျောင်း ဆရာ၊ ဆရာမ ၃၆ ဦး၊ ကျောင်းသူ၊ကျောင်း သား ၆၀ ဦးရှိကြောင်းနှင့် လက်ရှိအချိန်တွင် ဆရာ ၁ဦး၊ ဆရာမ ၂ ဦး၊ ရုံးအကူ ၁ ဦးနှင့် ကျောင်းသူ ၊ကျောင်းသား ၁၉ ဦးတို့သာလျှင် ကျန်ရှိပြီး ကျောင်းအတွင်း မနေရဲ့တော့သဖြင့် တိုင်းဒေသကြီးစိုက်ပျိုးရေးရုံးသို့ သွားရောက် သတင်းပို့ကြောင်း သတင်းရရှိပါသည်။
#PAN