လောင်းလုံးမြို့နယ်​မှ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ ဒုဦးစီးမှူး တစ်ဦးကို အကြမ်းဖက်သောင်း ကျန်းသူ PDF များက CDM မလုပ်သဖြင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၂၂

     တနင်္သာရီတိုင်း​ဒေသကြီး၊ထားဝယ်ခရိုင်​၊လောင်းလုံးမြို့နယ်​၊ အောက်​ရေဖြူ​ကျေးရွာအုပ်စု​၊ဂေါ့အင်း​ကျေးရွာ​နေ ဦးသိန်းဦး၊ ၅၃ နှစ်၊(ဘ)ဦး သန်း​မောင်၊ ဗမာ/ဗုဒ္ဓ၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ ဒုဦးစီးမှူးကို လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက သေနတ်ဖြစ်ပစ်ခတ်သတ် ဖြတ်သွား​​ကြောင်း သိရသည်။

       ဖြစ်စဥ်မှာ ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ဦးသိန်းဦးသည်​ ဂေါ့အင်း​ကျေးရွာရှိ ၎င်း၏​​နေအိမ်၌ အိပ်​ပျော်​နေစဥ် အကြမ်းဖက်သောင်း ကျန်းသူ PDF အင်အား ၈ ဦးခန့်က အောက်​ရေဖြူ​ကျေးရွာဘက်မှ ဆိုင်ကယ် ၅ စီးဖြင့်​ရောက်ရှိလာပြီး ဦးသိန်းဦးအား ၎င်း၏အိမ်အ​နောက်ဖက်ကိုက် ၁၀၀ခန့်အကွာရှိ ဆီအုန်းခြံစပ်သို့ ဖမ်းဆီး​​ခေါ်​ဆောင်သွားပြီး​ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ရာ နဖူးစပ်ကျည်​ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလည်ပင်းကျည်​ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့်အခင်းဖြစ်​နေရာတွင်​သေဆုံးခဲ့​ကြောင်းနှင့်အကြမ်းဖက်သောင်းကျန်းသူ PDF များသည်​ ရေဖြူ​ကျေးရွာဖက်သို့ ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ခွာသွား​ကြောင်း သတင်းရရှိပါသည်။

​      သေဆုံးသူ ဦးသိန်းဦးသည် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနရုံးတွင် ဒုဦးစီးမှူးအဖြစ်တာဝန်ထမ်း​​ဆောင်​နေစဥ် လွန်ခဲ့​သော ၆ လခန့်က ၎င်း၏​နေအိမ်သို့ အကြမ်းဖက် PDF ၅ ဦး​ ရောက်လာပြီးဦးသိန်ဦး ကို CDM ပြုလုပ်ရန်​ပြောခဲ့ရာ ၎င်းမှကျွန်​တော်မှာဝန်ထမ်းမလုပ်ရရင်စားစရာမရှိ​ကြောင်း၊ ကျန်အလုပ်များလည်းမလုပ်ကိုင်တတ်​ကြောင်းပြန်လည်​ဖြေကြားခဲ့ရာ ​အေး​အေး​ဆေး​ဆေး​နေဟု​​ပြောဆိုပြီး ပြန်လည်ထွက်ခွာသွား​ကြောင်း သိရပါသည်။

#PAN