တောင်သာမြို့နယ်တွင် သာမန်အရပ်သားပြည်သူ တစ်ဦးကို စိစစ်ဆဲလူသတ်အကြမ်း ဖက် PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၂၂

     ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ခြုံကြီးကျေးရွာ (အရှေ့)တွင် ဦးဟန်ဝင်းအာင်၊ ၅၀ နှစ်၊ (ဘ)ဦးဖေရီ၊ ‌တောင်သူလုပ်ကိုင်သည် နေအိမ်ရှေ့ထိုင်ခုံတွင် ထိုင်နေစဉ် စိစစ်ဆဲလူသတ်အကြမ်း ဖက် PDF ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ပြီး သေနတ်ဖြင့် လာရောက်ပစ်ခဲ့ရာ ဦးဟန်ဝင်း‌အောင်တွင် ဦးခေါင်း ပွင်ထွက် ၁ချက်၊ရှေ့ရင်ညွန့်မှနောက်ဝဲလက်ဖျံဖာက်ထွက်၁ချက်ရရှိခဲ့ပြီး အခင်ဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း သိရပါသည်။

        အဆိုပါ စိစစ်ဆဲအကြမ်းဖက်သောင်းကျန်း သူ များကို နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရပါသည်။ TTA‌ အကြမ်း ဖက်ပြောက်ကျားအဖွဲ့မှ လာရောက်သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ရသည်ကို မသိရသေးကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN