ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ဂေါ့အင်းကျေးရွာနေ ဦးသိန်းဦး၊ ၅၃ နှစ်၊(ဘ)ဦး သန်းမောင်၊ ဗမာ/ဗုဒ္ဓ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုဦးစီးမှူးကို လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက သေနတ်ဖြစ်ပစ်ခတ်သတ် ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ဦးသိန်းဦးသည် ဂေါ့အင်းကျေးရွာရှိ ၎င်း၏နေအိမ်၌ အိပ်ပျော်နေစဥ် အကြမ်းဖက်သောင်း ကျန်းသူ PDF အင်အား ၈ ဦးခန့်က အောက်ရေဖြူကျေးရွာဘက်မှ ဆိုင်ကယ် ၅ စီးဖြင့်ရောက်ရှိလာပြီး ဦးသိန်းဦးအား ၎င်း၏အိမ်အနောက်ဖက်ကိုက် ၁၀၀ခန့်အကွာရှိ ဆီအုန်းခြံစပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ရာ နဖူးစပ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်းနှင့်အကြမ်းဖက်သောင်းကျန်းသူ PDF များသည် ရေဖြူကျေးရွာဖက်သို့ ဆိုင်ကယ်များဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။
သေဆုံးသူ ဦးသိန်းဦးသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဒုဦးစီးမှူးအဖြစ်တာဝန်ထမ်းဆောင်နေစဥ် လွန်ခဲ့သော ၆ လခန့်က ၎င်း၏နေအိမ်သို့ အကြမ်းဖက် PDF ၅ ဦး ရောက်လာပြီးဦးသိန်ဦး ကို CDM ပြုလုပ်ရန်ပြောခဲ့ရာ ၎င်းမှကျွန်တော်မှာဝန်ထမ်းမလုပ်ရရင်စားစရာမရှိကြောင်း၊ ကျန်အလုပ်များလည်းမလုပ်ကိုင်တတ်ကြောင်းပြန်လည်ဖြေကြားခဲ့ရာ အေးအေးဆေးဆေးနေဟုပြောဆိုပြီး ပြန်လည်ထွက်ခွာသွားကြောင်း သိရပါသည်။
#PAN