လားရှိုးမြို့ Sunny ဟိုတယ်ရှေ့တွင် KIA အကြမ်း က်သောင်းကျန်းသူများထောင်ထားသောပြင်းအားမြင့် ဗုံးကို နယ်မြေခံလုံခြုံအဖွဲ့က သက်မဲ့ပြုလုပ်ရှင်းလင်း

ဇူလိုင် ၂၂

     ယမန်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ရပ်ကွက်(၆)၊ နယ်မြေ(၁)၊ လမ်းမတော်လမ်းရှိ Sunny ဟိုတယ်ရှေ့တွင် မသင်္ကာဖွယ် ကားတစ်စီးရပ်ထားကြောင်း သတင်းရရှိသဖြင့် နယ်မြေခံလုံခြုံအဖွဲ့က စစ်ဆေးကြည့်ရှုရာ Mark II (အဖြူရောင်)ပေါ်တွင် Gas အိုးကြီး ၂ လုံး၊ ဓာတ်ဆီ ၂ လီတာ၊ ရေသန့် ၂၀ လီတာ၊ ဓာတ်ခဲခြောက် ၅ လုံး၊ ယမ်းနဲ့ သံတိုသံစများထဲ့ထားတဲ့ ဟန်းကော ၁ လုံး၊ ဒီတိုနေတာ ၂ ချောင်း၊ Remote မိုင်းခွဲစက် ၁ လုံးတို့ဖြင့် ပြင်းအားမြင့် ဗုံးထောင်ထားသည့် Mark II ယာဉ်တစ်စီးအား အချိန်မီဖော်ထုတ် သက်မဲ့ပြုလုပ်ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

       KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဆက်ကြေးပေးဆောင်ခြင်းမရှိသော Hotel, KTV များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား မိုင်းဖောက်ခွဲပြကာ အကြောက်တရားဖြင့် ဆက်ကြေးပေးဆောင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

      ကား ဗုံးထောင်ထားသည့် ဖောက်ခွဲမှုအစီအစဥ်မှာ ပထမအဆင့်အနေနဲ့ ကားပေါ်မှာတင်ထား​သော ဗုံးကို Remote  ​ခွဲပြီး၊ ဒုတိယအဆင့် ကားပေါ်ရှိ Gas အိုး ၂ လုံးကို ထပ်မံကွဲစေကာ တတိ ယအဆင့်မှာ ကားပေါ်တင်ထားသည့် ရေနဲ့ ဓာတ် ဆီတို့ဖြင့် Gas ပေါက်ကွဲအားကို ပိုအားမြှင့်(Boster)လုပ်စေခြင်းဖြင့် ကားကိုယ်ထည်တစ်ခုလုံးကို ဗုံးစများ(Shrapnel)အဖြစ် နေရာအနှံ လွင့်ထွက်စေမည့် နည်းလမ်းကို အသုံးပြုထားကြောင်း သိရပါသည်။

#PAN