ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းရှိ လေးဖာတောတံတားကို ဖောက်ခွဲဖျက်ဆီးသူ အကြမ်း ဖက်သောင်းကျန်းသူ ၃ ဦးကို ဖမ်းဆီးရမိ

ဇူလိုင် ၂၂

     မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းရှိ လေးဖာတောတံတားကို  ဇူလိုင်လ ၆ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ည ၇ နာရီကျော်၌ လုံခြုံရေးအဖွဲ့များက တောင်တက်ကားဂိတ်အနီး စစ်ဆေးနေစဉ် ပြည့်စုံမောင်မောင်(ခ)ပြည့်စုံ၊ အာဏာပိုင်စိုး(ခ)အာကြီး၊ ဧပရယ်ဟိန်း(ခ)ဧပရယ်တို့ကို တားဆီးစစ်ဆေးရာ ၎င်းတို့ကိုင်ဆောင်သော ဖုန်းများအတွင်းမှ တောတွင်းအကြမ်းဖက်စခန်း၌ လက်နက်ကိုင်ရိုက်ကူးထားသည့်ပုံများ၊ ဝင်းကရဲစခန်းတိုက်ခိုက်မှု video များ တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

      စစ်ဆေးချက်များအရ ၎င်းတို့ ၃ ဦးသည် တပ်မဟာ(၁)နယ်မြေတွင် အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက်ရဲပြေး အေးမင်းထွန်း ဦးဆောင်သည့် KRF အဖွဲ့နှင့် ပူးပေါင်းကာ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ဘီးလင်းမြို့နယ် ဝင်းကရဲစခန်းတိုက်ခိုက်ရာတွင် ပါဝင်ခြင်းနှင့် ယခု လေးဖာတောတံတား ဖောက်ခွဲဖျက်ဆီးမှုတွင် ကိုယ်တိုင်ပါဝင်ကျုးလွန်ခဲ့ကြောင်း သိရသည်။

       ၎င်းတို့ ၃ ဦးကို နယ်မြေခံရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အမှုဖွင့်အရေးယူဆောင်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN