ပေါင်မြို့နယ် မော်လမြိုင် – ရန်ကုန် ကားလမ်းဘေးရှိ ကျော်ကြီးစားသောက်ဆိုင်တွက် အအေးသောက်နေသော ရဲတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးတို့ကို လူသတ်အကြမ်းဖက် PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၂၂

     ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ချိန်ခန့်တွင် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၊ မော်လမြိုင် – ရန်ကုန် ကားလမ်းဘေးရှိ ကျော်ကြီးစားသောက် ဆိုင်အတွင်း အအေးသောက်နေသည့် ဇင်းကျိုက်ရဲစခန်းမှ နယ်ထိန်း ရဲတသ ဖြိုးဇော်အောင် နှင့် အရပ်သားဖြစ်သူ စည်သူ တို့ ၂ ဦးကို PDF အမည်ခံ လူသတ်အကြမ်းဖက် ၂ ဦးက ဥတ္တံတားအတွင်းရွာဘက်မှ ဆိုင်ကယ်ဖြင့်လာရောက်၍ ပစ္စတိုဖြင့် ၁၀ ချက်ခန့် ပစ်ခတ်သွားခဲ့ရာ အခင်းဖြစ်နေရာ၌ ၂ ယောက်လုံးသေးဆုံးသွားခဲ့ကြောင်း သိရှိရသည်။

       သေဆုံးသူ ရဲတပ်သားဖြိုးဇောအောင် သည် ယနေ့တွင် စခန်းစာပို့တာဝန်ကျ၍ ညနေ ၆ နာရီအချိန်တွင် ဇင်းကျိုက်ရဲစခန်းမှ‌ ပေါင်မြို့နယ်ရုံးသို့ စာပို့ပြီး ဇင်ကျိုက်ရဲစခန်သို့ ပြန်လာစဉ် ကျော်ကြီးစား‌သောက်ဆိုင်၌ အအေးဝင်‌သောက်ရာမှ ယခုလို ပစ်သတ်ခံရခြင်းဖြစ်ကြောင်းနှင့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသည့် တရားခံများ ဖမ်းဆီးရမိရေး ရှင်းလင်းရှာဖွေလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN