ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်း သူ  KIA နှင့် PDF ပူးပေါင်းအဖွဲ့နှင့် ရှမ်းနီ(SNA) တပ်တို့ တိုက်ပွဲဖြစ်ပွား ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

ဇူလိုင် ၂၁

     စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာအနီး၊ အောင်ပင်ရွာနှင့် လွှစင်ကုန်းရွာများ၌ အကြမ်းဖက်သောင်းကျန်း သူ  KIA နှင့် PDF ပူးပေါင်းအဖွဲ့နှင့် ရှမ်းနီ(SNA) တပ် တို့သည် ယမန်နေ့ ညမှ ယနေ့ ညနေအထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်လျက်ရှိကြောင်း သိရပါသည်။

       ယင်းတိုက်ပွဲဖြစ်ရာနေရာသို့ တပ်မတော်မှ နောင်ပိုအောင်ရွာအဝင် ဥရုတံတားမှ လက်နက် ကြီးများတပ်ဆင်စောင့်ဆိုင်းလျှက်ရှိကြောင်းနှင့် ရှမ်းနီ(SNA)တပ်မှ မြို့ပေါ် သီတဂူစက္ခုဆေးရုံတွင် အင်အားနှစ်ရာကျော် တပ်ဆွဲထားကြောင်း သတင်းရရှိပါသည်။

#PAN